လူ့အခွင့်အရေး ကော်မရှင် ကိုပါကြီး အမှု အစီရင်ခံစာထုတ်

  • 3 ဒီဇင်ဘာ 2014
par gyi
Image caption သုံးရောင်ခြယ် အဖွဲ့ဝင် ကိုပါကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ

အလွတ်သတင်းထောက် ကိုပါကြီးခေါ် ကို အောင်နိုင် ကို စစ်တပ်က ဖမ်းဆီးထားစဉ် ထွက်ပြေးလို့ ဆိုပြီး ပစ်သတ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက် ပြီး အမျိုးသား လူ့အခွင့် အရေး ကော်မရှင်က နေ စုံစမ်း တွေ့ရှိချက် တွေကို ထုတ်ပြန် လိုက်ပါတယ်။

အဲဒီအထဲမှာ ကိုပါကြီးကို ထိန်းသိမ်း ထားခဲ့တဲ့ စစ်တပ် နောက် သူ့ကို ဖမ်းဆီး ခဲ့တဲ့ ရဲတပ် ဖွဲ့ဝင် တွေ အပါ အဝင် စုစုပေါင်း လူပေါင်း ၄၇ ဦးကို စုံစမ်း စစ်ဆေး ခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

နောက်ပြီး အဖွဲ့အစည်း ၈ ခုနဲ့ စာရွက် စာတမ်း ၆ ခု ကိုလည်း လေ့လာ သုံးသပ် ခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

ကိုပါကြီးဟာ ကော်သူလေး ကရင် အဖွဲ့ ဖြစ်တဲ့ KKO အဖွဲ့ဝင် တစ်ဦး ဖြစ်တယ် ဆိုတာရယ် နောက်ပြီး သူဟာ အလွတ် သတင်းထောက် ဖြစ်တယ် ဆိုတဲ့ အချက် ၂ ခု စလုံး ကို တထစ်ချ ကောက်ချက် ဆွဲဖို့ ခက်ခဲ တယ် လို့ ဖေါ်ပြ ထားပါတယ်။

အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရဲ့ ဒီလို သုံးသပ် ချက်ဟာ ကိုပါကြီး သတင်းထောက် ဖြစ်ကြောင်း သတင်း ဂျာနယ် သက်သေ တွေနဲ့ တင်ပြတာကို ဂရုမစိုက်တဲ့ သဘော ဖြစ်တယ် လို့ သူ့ ကိစ္စ အတွက် လိုက်လံ ဆောင်ရွက် ပေးနေတဲ့ ရှေ့နေ ဦးရောဘတ် ဆန်းအောင်က ပြောပါတယ်။

အစီရင်ခံစာ မှာ နောက်ထပ် ဖေါ်ပြထားတာကတော့ မှုခင်း ဆရာဝန်ရဲ့ စစ်ဆေးတွေ့ရှိချက် အရ ကိုပါကြီး ရရှိတဲ့ ဒဏ်ရာ အများစုဟာ သေနတ် ဒဏ်ရာ တွေဖြစ်ပြီး သူ့ကို စိတ်ပိုင်း ဆိုင်ရာ ရုပ်ပိုင်း ဆိုင်ရာ ညှဉ်းပန်း နှိပ်စက် ခဲ့တယ် ဆိုတဲ့ သက်သေ ထွက်ဆို မှုတွေ မရှိဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် အမှတ်(၂၂) ခြေမြန် တပ်မဌာနချုပ် အနေနဲ့ ကိုပါကြီး သေဆုံးမှု အပေါ် ပွင့်လင်းမြင်သာမှု ရှိစွာ ထုတ်ပြန်ထားမျိုး ဥပဒေနဲ့ အညီ အမှုဖွင့် တာမျိုး မရှိခဲ့ဘူး လို့လည်း ဖေါ်ပြထားပါတယ်။

ဒီအတွက် ကိုပါကြီး ခေါ် ကို အောင်နိုင် သေဆုံးမှုနဲ့ ပတ်သက်ပြီး တရားဥပဒေနဲ့ အညီ တရားစွဲဆိုနိုင်ရေး ဆက်လက် ဆောင်ရွက်သင့်တယ်လို့ ပြောပါတယ်။

ဒီလို ဆောင်ရွက်တဲ့နေရာမှာ ပွင့်လင်မြင်သားမှု ရှိစေရေး အတွက် အရပ်ဖက် တရားရုံးမှာ စစ်ဆေး သင့်ကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် က အစီရင်ခံစာ နောက်ဆုံးမှာ အကြံပြုထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ