ကော်တောင်ကျွန်း သတ်မှု ရမန်ထပ်တိုး

  • 2 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် AP
Image caption ဖမ်းတာ ၂ လကြာပေမယ့် တရားရုံး မတင်နိုင်သေး

ထိုင်းနိုင်ငံ တောင်ပိုင်း ကော်တောင်ကျွန်း မှာ ဗြိတိသျှ နိုင်ငံသား ၂ ဦး သေဆုံးမှုနဲ့ စွပ်စွဲ ခံထားရတဲ့ မြန်မာ နိုင်ငံသား ၂ ဦးကို ဖမ်းဆီး ချုပ်ရက် ကို ၆ ကြိမ်မြောက် ရမန် အင်္ဂါနေ့ က တရားရုံးက ခွင့်ပြု လိုက်ပါတယ်။

လူသတ်မှုနဲ့ စွပ်စွဲ ခံထား ရသူ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ ၂ ဦးကို နောက်ထပ် ၁၂ ရက် ရမန် တပတ် ထပ်ပြီး ချုပ်နှောင် ခွင့်ပြုဖို့ အစိုးရရှေ့နေက ကော်စမွီကျွန်းက တရားရုံးကို လျှောက်ထားတာကို တရားသူကြီးက ခွင့်ပြုလိုက်ပါတယ်။

အခုအပတ် အတွင်း မှာပဲ တရားစွဲဆိုမယ်လို့ အစိုးရရှေ့နေက ပြောကြား သွားပါတယ်။

မြန်မာ နိုင်ငံသား ၂ ဦးကို ဖမ်းဆီး ထားတာ ၂ လကြာပြီ ဖြစ်ပေမယ့် တရားရုံး မတင်နိုင်သေး တာကြောင့် တရားခံရှေ့နေ အဖြစ် ဆောင်ရွက်ပေးတဲ့ ထိုင်းရှေ့နေများ ကောင်စီ ရှေ့နေ့အဖွဲ့ဝင် ထနူး အေက်ချုတ်ခ်ကို မေးကြည့်တော့ ရဲက စွပ်စွဲ ထားတဲ့ သက်သေက စီစီတီဗီ မှတ်တမ်းတင် ဗီဒီယို ဓာတ်ပုံရှိတယ်၊ ဒီအဲန်အေ ဆိုတာရှိတယ်။ တရားခံက ဝန်ခံတယ်ဆိုတဲ့အချက်တွေဖြစ်ပါတယ်။

မြန်မာ ၂ ဦးက သတ်တယ် ဆိုတဲ့ မျက်မြင်သက်သေ ဒါမှမဟုတ် အခင်းဖြစ်ပွားတဲ့နေရာက ဗီဒီယိုပုံ မှတ်တမ်း လည်းမရှိဘူး။

မြန်မာ ၂ ယောက်က ဝန်ခံတယ် ဆိုတာဟာ သူတို့ကို ရိုက်နှက်လို့ ဝန်ခံ ရတာလို့ ပြောခဲ့ပြီ ဖြစ်တယ်။ ဒီအဲန်အေ ရှိတယ် ဆိုတာကလည်း ဘယ်လောက် သေချာတဲ့ ဒီအဲန်အေ လည်းမသိဘူး။

ပြောရမယ် ဆိုရင် ခိုင်လုံတဲ့ သက်သေ ဆိုတာ မတွေ့ရသေးဘူး။ တကယ်လို့ အစိုးရ ရှေ့နေက တရားရုံး တင်မယ်ဆိုရင် ခုခံချေပဖို့ အဆင်သင့်ပဲလို့ ပြောသွားပါတယ်။

အဖမ်းခံနေရသူ ၂ ယောက်နဲ့ ပတ်သက်ပြီး အဖြစ်မှန်ကို သိရှိတဲ့ သူတွေရှိရင် ရဲရဲတင်းတင်း ကူညီပြီး သက်သေလိုက်ပေးဖို့ သူတို့ နှစ်ဦးက စာရေးပြီး တောင်းဆို လိုက်ပါတယ်။

တရားခံ အဖြစ် စွပ်စွဲ ခံထားရတဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ ၂ ဦးကို ချုပ်နှောင်တာ ရမန် ၆ ကြိမ်မြောက် ဖြစ်သွားပြီဖြစ်ပါတယ်။

ထိုင်းဥပဒေ အရ ၇ ကြိမ် ထက်ပိုပြီး ချုပ်နှောင်ခွင့် မရှိတာကြောင့် တရားမစွဲနိုင်ဘူး ဆိုရင် သူတို့ ၂ ဦးကို ပြန်လွှတ် ပေးရမှာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ