ကော့တောင်ကျွန်း လူသတ်မှု တရားရုံးတင်

  • 4 ဒီဇင်ဘာ 2014
koh tao
Image caption သတ်ဖြတ်ခံရတဲ့ ဗြိတိသျှ နိုင်ငံသား စုံတွဲ

ထိုင်းနိုင်ငံ ကော့တောင် ကျွန်းမှာ ဗြိတိသျှ နိုင်ငံသား နှစ်ယောက် ကို သတ်ဖြတ် ခဲ့တယ်လို့ စွပ်စွဲ ခံထားရတဲ့ မြန်မာ အလုပ်သမား နှစ်ယောက် ကို တရားလို ရှေ့နေတွေက အမှု ၇ မှုနဲ့ တရားရုံး မှာ တင်ခဲ့ ပါတယ်။

ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ နှစ်ဦးကို လူသတ်မှု၊ မုဒိမ်းမှု ၊ မသေမချင်း သတ်ဖြတ် လုယက်မှု စတဲ့ သေဒဏ်ကျနိုင်တဲ့ အမှုတွေနဲ့ ပြစ်မှု ထိန်ချန်မှု၊ ပူးပေါင်း ကြံစည်မှု၊ ထိုင်းနိုင်ငံ အတွင်း တရားမဝင် ဝင်ရောက်လာမှု၊ ထိုင်းနိုင်ငံမှာ တရားမဝင် နေထိုင်မှု စွဲချက် တွေနဲ့ ဒီကနေ့ အမှု တင်တဲ့ အကြောင်း မြန်မာ အလုပ်သမား တွေ အတွက် ဥပဒေကြောင်း အရ ကူညီပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့် က ပြောပါတယ်။

ဒါပေမဲ့ ဒီနေ့ တရားခွင်မှာ ဒီတရားခံ ၂ ယောက် ရှေ့မှောက်မှာ သူတို့ကို စွဲချက် မတင်နိုင်ခဲ့တဲ့ အတွက် တနင်္လာနေ့ မှာ ရုံးချိန်း ပြန်ခေါ်ပြီး သူတို့ ၂ ယောက် ရှေ့မှာ ဒီအမှုတွေကို လက်ခံ မခံ စတင် ကြားနာ စစ်ဆေးမှာ ဖြစ်ပါတယ်။

အရင်က ရမန်နဲ့ ၆ ခါ ချုပ်နှောင် ထားခဲ့တဲ့ အတွက် နောက်တခါ ရမန် ထပ်ယူပြီးရင် ထပ်ချုပ်လို့ ရမှာ မဟုတ်တော့လို့ စွဲချက် တင်နိုင်အောင် ကြိုးစားတာ လို့လည်း ရှုမြင် ကြပါတယ်။

ထိုင်း အစိုးရ ရှေ့နေတွေကတော့ သူတို့မှာ သက်သေ အထောက်အထား ခိုင်မာမှု ရှိတယ် လို့ပဲ ပြောဆို ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ