၆ ပွင့်​ဆိုင်​အပေါ် သမ္မတ သုံးသပ်​ဆဲ​လို့ ဆို

  • 5 ဒီဇင်ဘာ 2014
u_thein_sein_talk
Image caption လွှတ်တော် ပြန် မစမချင်း သမ္မတ အနေနဲ့ ၆ ပွင့်ဆိုင် အပေါ် စဉ်းစားဖို့ အချိန် ရှိသေးတယ်။

၆ ပွင့်ဆိုင် ဆွေးနွေးရေး အပေါ် သမ္မတ ဦးသိန်းစိန် အနေနဲ့ စဉ်းစား သုံးသပ်ဆဲပဲ ဖြစ်တယ် လို့ သမ္မတရုံး ညွှန်ကြားရေး မှူး ဦးဇော်ဌေး က ဘီဘီစီ ကို ပြောပါတယ်။

ပြည်ထောင်စု လွှတ်တော်က အတည် ပြုထားတဲ့ ၆ ပွင့်ဆိုင် ဆွေးနွေးရေး ဆုံးဖြတ်ချက် သဝဏ်လွှာ ကို ဦးသိန်းစိန် အနေနဲ့ စဉ်းစား ဆုံးဖြတ်ဖို့၊ လွှတ်တော် ပြန်စမယ့် လာမယ့် ဇန်နဝါရီ လ ဆန်း အထိ အချိန် ရသေးတယ် လို့လည်း ဦးဇော်ဌေး က ဆိုပါတယ်။

သမ္မတ အနေနဲ့ ၆ ပွင့်ဆိုင် အပေါ် လက်မခံဘူး လို့ ပြောထားခဲ့ သယောင် မီဒီယာတွေ နဲ့ နိုင်ငံရေးပါတီ တချို့က ဝေဖန် နေကြတာတွေ နဲ့ ပတ်သက်ပြီး ပုဂ္ဂိုလ်ရေး အရ ထိုးနှက်မှုတွေ မလုပ်ဖို့ အစိုးရက ကြေညာချက် ထုတ်ထား ပါတယ်။

၆ ပွင့်ဆိုင် ဆွေးနွေးရေးဟာ မဖြစ်နိုင်ဘူး ဆိုပြီး သမ္မတ ပြောခွင့်ရ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ပြောဆိုခဲ့တဲ့ အပေါ် မူတည်ပြီး မီဒီယာတွေ အပေါ်မှာ ဝေဖန်မှုတွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ