ကျားဖြူအမတ်တွေ ကျားခေါင်းပါတီ ကူးပြောင်း

  • 5 ဒီဇင်ဘာ 2014
SNDP
Image caption ရှမ်းပါတီ နှစ်ခု ပူးပေါင်းရေး ဆွေးနွေး နေကြတုန်းမှာ ကျားဖြူပါတီဝင် တချို့ ဘက်ပြောင်းသွား

အခု ရက်ပိုင်းအတွင်း SNDP ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ ကျားဖြူ ပါတီက လွှတ်တော် ကိုယ်စားလှယ် ၅ ယောက် SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီကို ကူးပြောင်း သွားခဲ့ပါတယ်။

ကျေးသီး မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် စိုင်းအွမ်ဆိုင်မိန်းနဲ့ ကျေးသီး မြို့နယ်ကပဲ ရှမ်းပြည်နယ် ပြည်နယ် လွှတ်ကိုယ်စားလှယ် နှစ်ယောက်၊ နမ့်စန် မြို့နယ် က ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် စိုင်းသူရိန်ဦး၊ လဲချားမြို့နယ် က ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် စိုင်းကျော်ဇေယျတို့ ဖြစ်တယ်လို့ SNLD ကျားခေါင်းပါတီ ပြောခွင့်ရသူ ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

နန့်စန် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းသူရိန်ဦးကတော့ သူ့မြို့နယ်က မဲဆန္ဒရှင်တွေရဲ့ ဆန္ဒ သဘော အရ ပါတီကူးပြောင်း ရတာ ဖြစ်တယ်လို့ ပြောပါတယ်။

SNLD ပါတီ ဥက္ကဌ ဦးခွန်ထွန်းဦးရဲ့ နိုင်ငံရေး ရပ်တည်ချက် ခံယူချက်နဲ့ အနစ်နာခံမှုတွေ ပေါ်မူတည်ပြီး မဲဆန္ဒရှင်တွေဘက်က သဘောထား ပြောင်းလဲ သွားတယ်လို့ ထင်ကြောင်း သူက ပြောပါတယ်။

ရှမ်းပါတီ နှစ်ခု ပူးပေါင်းနိုင်ရေး ဆွေးနွေးမှုတွေ ဆက်လက် ရှိနေတဲ့ ကြားမှာပဲ အခုလို ပါတီ ကူးပြောင်းမှုတွေ ဖြစ်လာတာ ဖြစ်ပါတယ်။

ရှမ်းပြည်သူတွေ လိုလားနေတဲ့ ရှမ်းပါတီ နှစ်ခု ပူးပေါင်းရေး ကိုလည်း အထောက်အကူ ပြုလိမ့်မယ်လို့ မျှော်လင့်ကြောင်း စိုင်းသူရိန်ဦးကပြောပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ ပါဝင် စေချင်တဲ့ ကိုယ်စားလှယ်တွေကို တင်ပြဖို့ မဲဆန္ဒရှင်တွေရဲ့ သဘောထားတွေကို တောင်းခံခဲ့ရာမှာ နာမည် ပါမလာတဲ့သူတွေက နှုတ်ထွက်သွားခဲ့ကြတာ ဖြစ်တယ်လို့ ကျားဖြူ ပါတီ ဥက္ကဌ ဦးစိုင်းအောက်ပေါင်းက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ