ကော့​တောင်​ကျွန်း​မှာ အသတ်​ခံ​ခဲ့​ရ​သူ​တွေ​ရဲ့ မိသား​စု ကြေညာ​ချက် ထွက်လာ

  • 5 ဒီဇင်ဘာ 2014
he_bodies_of_hannah
Image caption ကော့တောင်ကျွန်း လူသတ်မှုမှာ စိတ်ခံစားမှုနဲ့ ခန့်မှန် မရေးသားကြဖို့ ကျန်ရစ်သူ မိသားစုတွေက ပြော။

ထိုင်း နိုင်ငံ ကော့တောင်ကျွန်း ပေါ်မှာ အသတ် ခံခဲ့ရတဲ့ ဗြိတိန် နိုင်ငံသား ၂ ဦးရဲ့ အမှုနဲ့ ပတ်သက်ပြီး လုပ်ဆောင် နေကြတာတွေ အပေါ် သူတို့ အနေနဲ့ ယုံကြည်မှု ရှိတယ် ဆိုပြီး ကျန်ရစ်သူ မိသားစုတွေက ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။

ဒီ အမှုကို တရား မျှမျှတတ နဲ့ စစ်ဆေး စီရင် သွားနိုင်ဖို့ မျှော်လင့်ကြောင်း ကြေညာချက် ထဲမှာ ပါဝင်ပါတယ်။

လက်ရှိ အခြေ အနေမှာ အချက်အလက် အပြည့်အစုံ မသိရသေးတဲ့ အတွက်၊ အမှု ကိစ္စနဲ့ ပတ်သက်ပြီး ပြောဆို ရေးသားရာမှာ သတိထားကြဖို့ သေဆုံးခဲ့သူ တစ်ဦး ဖြစ်တဲ့ Hanna Witheridge ရဲ့ မိသားစုက သတိပေး ထားပါတယ်။ လက်ရှိ သတင်း ရေးသားမှု တွေဟာ မိသားစု အပေါ် အင်မတန် စိတ်ပူလောင် စေတယ်လို့ လည်း ဆိုပါတယ်။

သေဆုံးသူ David Miller ရဲ့ မိသားစု ကလည်း လူမှု ကွန်ယက် စာမျက်နှာတွေ ပေါ်မှာ ရေးသား နေကြတဲ့ မှန်းဆချက်တွေ အပေါ် အချက်အလက် တွေ အနေနဲ့ မယူဆ ကြဖို့ ပြောထား ပြီး၊ စိတ်ခံစားမှု နဲ့ ရေးသား ပြောဆိုမှု တွေဟာ ကျန်ရစ်သူ မိသားစုဝင် တွေ အပေါ် ထိခိုက် နာကျင် စေပါတယ် လို့ ကြေညာချက် ထဲမှာ ရေးသား ထားပါတယ်။

နဲ့ David Miller တို့ သေဆုံးမှု မှာ မြန်မာ နိုင်ငံသား ၂ ဦး ဖြစ်တဲ့ ဇော်လင်းနဲ့ ဝင်းဇော်ထွန်း တို့ကို ဖမ်းဆီး ထားပြီး ရုံးတင် တရား စွဲဆို ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ