ရန်ကုန်က ကမ္ဘာလုံး ဆိုင်ရာ အမျိုးသမီး ဖိုရမ်

  • 6 ဒီဇင်ဘာ 2014
women myanmar ဓာတ်ပုံ မူပိုင် Getty
Image caption ကျားမ အလုပ်အကိုင် အခွင့်အလမ်း တန်းတူ ရဖို့လို

အသွင် ကူးပြောင်းဆဲ ကာလ လူ့အဖွဲ့အစည်း မှာ အမျိုးသမီး အခန်းကဏ္ဍ နဲ့ ပတ်သက်လို့ ဆွေးနွေး ကြတဲ့ ကမ္ဘာလုံး ဆိုင်ရာ အမျိုးသမီး ဖိုရမ်ကို ရန်ကုန်မှာ ကျင်းပ ခဲ့ပါတယ်။

ဒီဖိုရမ် ကို သောကြာနေ့ က နေပြည်တော် မှာ ကျင်းပ ခဲ့ပြီး သမ္မတ ဦးသိန်းစိန် ၊ ဒေါ်အောင်ဆန်းစုကြည် တို့ တက်ရောက် မိန့်ခွန်း ပြောခဲ့ပါတယ်။

ကမ္ဘာလုံး ဆိုင်ရာ အမျိုးသမီး ဖိုရမ် ကို ကိုယ်စားလှယ် ၅ဝဝ ကျော် တက်ခဲ့ပြီး စီးပွားရေး နိုင်ငံရေး ဦးဆောင်မှု အပိုင်းမှာ အမျိုးသမီးတွေ ပိုမို ပါဝင်ခွင့်ရဖို့၊ အမျိုးသား တွေ နဲ့ တန်းတူ အခွင့် အရေး ရဖို့ အပြင် အမျိုးသမီး တွေရဲ့ လူမှုဘဝ ဖွံဖြိုး တိုးတက်ဖို့ အဓိကထား ဆွေးနွေး ကြပါတယ်။

ဒီဖိုရမ် ဟာ အမျိုးသမီး တွေရဲ့ စွမ်းဆောင်ရည် နဲ့ စီမံခန့်ခွဲမှု အပိုင်း မှာ စွမ်းရည် မြှင့်တင် ပေးဖို့ ရည်ရွယ် ပါတယ်။

ဖိုရမ် ဖြစ်မြောက်ရေး အဖွဲ့ အမှုဆောင် အရာရှိချုပ် Jacqueline Franjou က စီးပွားရေး၊လူမှုရေး၊ နိုင်ငံရေး၊ ပညာရေး ကျန်းမာရေး လို ကဏ္ဍတွေမှာ အမျိုးသမီး တွေ ပါဝင်ခွင့် ရဖို့ လိုကြောင်း၊ လူအဖွဲ့အစည်း တွင်း တန်းတူ အခွင့်အရေး နဲ့ ဒီမိုကရေစီ ရဖို့ရာ အမျိုးသမီး အခန်းကဏ္ဍ အရေးကြီးတယ် လို့ ပြောသွား ပါတယ်။

စီးပွားရေး လုပ်ငန်းရှင် ဒေါ်မြတ်သီတာ ကတော့ အရင်က ထက် စာရင် ခုနောက်ပိုင်းမှာ အမျိုးသမီး တွေ အခွင့်အရေး တွေ ပို ရလာတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ လူမှု အသိုင်းအဝိုင်းမှာ အမျိုးသမီး တွေရဲ့ ဦးဆောင်မှု ကို လက်ခံလာဖို့တော့ လိုနေပါသေးတယ်။

မြန်မာနိုင်ငံ လူဦးရေ ထက်ဝက်ကျော် ဟာ အမျိုးသမီး တွေ ဖြစ်တယ် ဆိုပေမယ့် ဆုံးဖြတ်ချက် ချနိုင်တဲ့ နေရာ တွေမှာ အမျိုးသမီး ခေါင်းဆောင်မှု က အတော် နည်းတယ် ဆိုပြီး အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူ တွေက ဝေဖန် ထောက်ပြ နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ