သူရဲကောင်း စစ်သည်ဗိမာန် လွမ်းသူပန်းခွေချ

  • 7 ဒီဇင်ဘာ 2014
army_myanmar
Image caption စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ သားမြေးတွေ တက်ခဲ့

ရှေ့တန်းမှာ ကျဆုံးခဲ့တဲ့ စစ်သည်တော် တွေအတွက် လွမ်းသူ ပန်းခွေချ အခမ်းအနား ကို စစ်မှုထမ်းဟောင်း မိသားစုဝင် တွေ ဦးစီးပြီး ရန်ကုန် မြို့ ရွှေတိဂုံ ဘုရား မြောက်ဖက်မုခ် နား က အထိမ်း အမှတ် ဗိမာန်မှာ တနင်္ဂနွေ နေ့ နေ့လယ် က ပထမဆုံး အကြိမ် ကျင်းပ ခဲ့ပါတယ် ။

ရန်ကုန် မြို့ သူရဲကောင်း စစ်သည် ဗိမာန် မှာ ကျင်းပတဲ့ ဒီ အခမ်းအနား ကို လူ ၂ဝဝဝ ကျော် လောက် တက်ရောက် ခဲ့ကြပြီး ဗိုလ်ချုပ်ကြီး ဟောင်း နေဝင်း မြေးတွေ အပါအဝင် စစ်ဗိုလ်ချုပ်ဟောင်း တွေနဲ့ မိသားစုတွေ ၊ စစ် ထောက်လှမ်း ရေး အဖွဲ့ဝင်ဟောင်းတွေ ပါပါတယ် ။

ဒီ အခမ်း အနား မှာ မြန်မာနိုင်ငံ ရေး မှာ စစ်တပ် နဲ့ ပတ်သက်သူ တွေရဲ့ သဘော ထား ခံစားချက် တွေကို ဖွင့်ဟသွား ကြပါတယ် ။

၁၉၉ဝ က စပြီး ဖွင့်လှစ်ခဲ့ တဲ့ ဒီနေ ရာမှာ နှစ် ၂ဝ ကျော် ကြာမှ လူအများ ပါဝင် တဲ့ ပထမဆုံး လွမ်းသူပန်းခွေချ အခမ်းအနား ကျင်းပ နိုင်ခဲ့တာ ဖြစ်ပါတယ်။

စစ်မှုထမ်း ဟောင်းတွေ အပြင် ကရင် နဲ့ ကချင် ရိုးရာဝတ်စုံတွေ ဝတ်ပြီး လာသူ တချို့ တက်ရောက် တာကို လည်း တွေ့ရပါတယ် ။

အခမ်း အနားမှာ အငြိမ်းစား တပ် အရာရှိ တွေက တပ်သမိုင်းကြောင်း အပြင် လက်ရှိ ကချင် လွတ်မြောက် ရေးတပ်မတော် ကေအိုင်အေ နဲ့ ဖြစ်နေတာ တွေ အတွက် သူတို့ဘက် က ကျဆုံး စွန့့်လွှတ်ရ မှုတွေ ကို ပြောသွား ကြ ပါတယ် ။

လိုင်ဇာမှာ ကေအိုင်အေ ဗိုလ်လောင်း ၂၃ ယောက် ကျဆုံးမှုနဲ့ ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါ အဝင် နိုင်ငံရေး ပါတီ တွေက ဝမ်းနည်း ကြောင်း ထုတ်ပြန်ချက် တွေ ထွက် လာပြီး နောက် တပ် မိသားစု တွေက ပထမဆုံး ဦးဆောင် ကျင်းပ တဲ့ အခမ်းအနား ဖြစ်ပါတယ် ။

ဒီပွဲဟာ တပ်မတော် ရဲ့ စိတ်ဓာတ်ပိုင်း ဆိုင်ရာ အားမြှင့်တဲ့ပွဲ လည်း ဖြစ်သလို နိုင်ငံရေး အရ တပ်မတော်ရဲ့ ရပ်တည်ချက် ကို လည်း သတိပေး ဖော်ပြလိုက်တဲ့ ပွဲဖြစ်တယ် လို့ သုံးသပ် နေကြ ပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ