မ​ဂျာ​ဆိုင်း​အိန် သေ​ဆုံး​မှု အကြောင်း​မှန် ပေါ်​ရေး တောင်း​ဆို

  • 7 ဒီဇင်ဘာ 2014
_kachin_kio_talk_ ဓာတ်ပုံ မူပိုင် AP
Image caption ဖခင် ဦးဘရန်ရှောင်ဟာ မဂျာဆိုင်းအိန် သေဆုံးရတာ အစိုးရ စစ်တပ်ရဲ့ ပစ်ခတ်မှု ကြောင့်လို့ ပြောခဲ့တဲ့ အတွက် စစ်တပ်က တရားလို လုပ်ပြီးတော့ တရားစွဲ ထားပါတယ်။

ကေအိုင်အေနဲ့ အစိုးရ စစ်တပ် အကြား လွန်ခဲ့တဲ့ ၂ နှစ်က ဖြစ်ပွားခဲ့တဲ့ ဖားကန့် မြို့နယ်ထဲက တိုက်ပွဲ တစ်ခုမှာ၊ ကျောင်းသူ မဂျာဆိုင်းအိန် သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး အဖြစ်မှန်ကို ဖော်ထုတ် ပေးဖို့ ကျန်ရစ်သူ မိသားစု တွေက အစိုးရ အာဏာပိုင် တွေကို တောင်းဆို လိုက်ပါတယ်။

ဘယ်ဘက်က ပစ်ခတ်တဲ့ ကျည်သင့်လို့ မဂျာဆိုင်းအိန် သေဆုံး ခဲ့ရသလဲ ဆိုတဲ့ အပေါ် နှစ်ဘက် အပြန်အလှန် စွပ်စွဲမှု၊ တရား စွဲဆိုမှုတွေ ဒီ ၂ နှစ် အတွင်း ဖြစ်ပေါ် နေခဲ့ပါတယ်။

အစိုးရ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးရတယ် ဆိုပြီး လူ့အခွင့်အရေး ကော်မရှင်ကို တိုင်ကြားခဲ့တဲ့ ဖခင် ဦးဘရန်ရှောင်ကို စစ်တပ်ဘက်က ပြန်လည် တရားစွဲထားပြီး၊ ဒီအမှုဟာ နှစ်နဲ့ချီ ကြာမြင့် နေပြီ ဖြစ်ပါတယ်။

ဒီ အမှုကိစ္စ ဖြေရှင်း နိုင်ဖို့ အပါအဝင် မဂျာဆိုင်းအိန် သေဆုံး ခဲ့ရတဲ့ အကြောင်းမှန် ကို ဖော်ထုတ် နိုင်ဖို့ အတွက်၊ လွတ်လပ်ပြီး တရားမျှတ တဲ့ စုံစမ်းရေး ကော်မတီ တစ်ရပ် ဖွဲ့ပြီး စစ်ဆေး ပေးပါ လို့ ကာယကံရှင် တွေ ဘက်က တောင်းဆို လာတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ