မလုပ်ကိုင်တဲ့ စက်မှုဇုန်မြေတွေ ပြန်သိမ်းမယ်

  • 8 ဒီဇင်ဘာ 2014
dagon
Image caption အရှေ့ဒဂုံမှာ လုပ်ငန်း မလုပ်တဲ့ စက်မှု မြေများ

ရန်ကုန် တိုင်း အတွင်း က လုပ်ငန်း မလုပ်တဲ့ စက်မှုဇုန် မြေတွေကို အစိုး ရ က ရှေ့တပတ် နောက်ဆုံးထားပြီး ပြန်သိမ်းဖို့ ရှိတယ် လို့ သိရပါတယ် ။

ဒီ လုပ်ငန်း မလုပ်တဲ့ စက်မှုဇုန် မြေကွက် တွေဟာ ဝါးတရာ စက်မှုဇုန်နဲ့ အရှေ့ဒဂုံ စက်မှုဇုန် တို့ မှာ အများ ဆုံး ဖြစ် ပြီး အစိုးရက လုပ်ငန်း ပြန်လုပ်ကိုင် သူတွေကို မြေနေရာ ပြန်ရောင်းချပေး ဖို့ စီစဉ် နေပါတယ် ။

စက်မှုဇုန် မြေလွတ် ပိုင်ရှင် တွေ ဒီဇင်ဘာ ၁၅ ရက် နောက်ဆုံး ထားပြီး လုပ်ငန်း လုပ်ကိုင်မယ့် စီမံချက် တင်ပြဖို့ ရန်ကုန်တိုင်း စက်မှုဇုန် စီမံ ခန့်ခွဲရေး ကော်မတီ က ထုတ်ပြန်ထားပြီး ဒါဟာ ဒုတိ ယ အကြိမ် ထုတ် ပြန်တဲ့ သတိပေးချက် ပါ ။

စက် မှုဇုန် မြေလွတ် တွေကို သိမ်း ဖို့ ရန်ကုန်တိုင်း အစိုးရ ကနေ ဒုသမ္မတဆီ စာပို့ဖို့ ရှိပြီး အစိုးရ က ဘယ်နေ့ သိမ်းမယ် ဆိုတာ ဆုံးဖြတ်ဖို့ ရှိပါတယ် ။

ဒီလို စက်မှုဇုန် မြေကွက်လပ် တွေ ၂၄ဝဝ လောက် ရှိပြီး အများစု က ဝေးလံတဲ့ စက်မှုဇုန်သစ် တွေမှာ ရှိတယ်၊ လှိုင်သာယာ စက်မှုဇုန် မှာတော့ ၄ဝ လောက်ပဲ ရှိတယ် လို့ စက်မှုဇုန် စီမံ ခန့်ခွဲ ရေး ကော်မတီဝင် ဦး မြတ်သင်းအောင် က ပြောပါတယ် ။

ရန်ကုန် မှာ စက် မှုဇုန် ဖော်ထုတ် ထားတဲ့ ဇုန် ၃ဝ ကျော် ရှိပြီး အစောဆုံး လှိုင်သာယာ စက်မှုဇုန် ဟာ ၁၉၉၅ ခု နှစ် လောက်က စတင် ခဲ့တာ ဖြစ်ပါတယ် ။

စက်မှုဇုန် မြေ သိမ်းဆည်းမှု မှာ ပိုင်ဆိုင်မှု အရှုပ်အရှင်း တွေ ဖြစ်လာ နိုင်ပြီး တချို့ စက်မှုဇုန် မြေတွေမှာ လုပ်ငန်း မလုပ် ပေမယ့် မြို့ရွာနဲ့ အိုးအိမ် ဦးစီး ဌာန က ထုတ်ပေးထား တဲ့ ပိုင်ဆိုင်မှု ဂရန် ရရှိ ထားတယ် လို့ စက် မှုဇုန် လုပ် ငန်းရှင် တွေက ပြောပါတယ် ။

စက် မှုဇုန် မြေကွက် တွေ လုပ် ငန်း မလုပ် ရင် မြေ သိမ်း မယ် ဆိုတာ အရင် ကလည်း မကြာခဏ ထုတ်ပြန်နေကျ ဖြစ်ပေမယ့် အခု လို နောက်ဆုံးရက် သတ် မှတ်ပြီး သတိပေး ထုတ်ပြန် တာ ထူးခြား တယ်လို့ လုပ် ငန်းရှင် တွေက ပြောပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ