ထားဝယ် ရန်ကုန် ကားလမ်း ဓါးပြတိုက်မှုဖြစ်

  • 11 ဒီဇင်ဘာ 2014
KNU KNLA Soldiers ဓာတ်ပုံ မူပိုင် Reuters
Image caption ဓါးပြတိုက်မှု အတွင်း ပစ်ခတ်မှုကြောင့် KNLA တပ်သား နှစ်ယောက်သေဆုံး

ထားဝယ် ကနေ ရန်ကုန်ကို လာတဲ့ အောင်ရတနာ ခရီးသည်တင် ကားတစ်စီးဟာ ဒီဇင်ဘာလ ၁၀ ရက် ဗုဒ္ဓဟူး ညနေ ၆ နာရီခွဲ လောက်မှာ ဓားပြတိုက် ခံခဲ့ရပါတယ်။

ထားဝယ်ခရိုင် ရေဖြူမြို့နယ် မလွှဲတောင်လမ်းပိုင်းမှာ ဓါးပြတိုက်ခဲ့တာ ဖြစ်ပြီး ခရီး သည်တွေရဲ့ ငွေတွေ အပါအဝင် ရွှေထည်၊ လက်ဝတ်လက်စားတွေနဲ့ လက်ကိုင်ဖုန်း စတဲ့ ပစ္စည်း စုစုပေါင်း ကျပ်ငွေ ၂၇ သိန်းကျော်ဖိုးပါသွားခဲ့ပါတယ်။

ဓါးပြတိုက်မှု ဖြစ်ခဲ့စဉ်အတွင်း ပစ်ခတ်မှုတွေ ရှိခဲ့လို့ လူ ၂ယောက် သေဆုံးသွားခဲ့ ပါတယ်။

လက်နက်ကိုင် ဓားပြ တွေရဲ့ ပစ်ခတ်မှုကြောင့် အစိုးရ နဲ့ ငြိမ်းချမ်းရေး ယူထားတဲ့ KNLA က ဗိုလ်တစ်ယောက်နဲ့ တပ်သား တစ်ယောက် သေဆုံး သွားခဲ့ ပါတယ်။

ကားပေါ်မှာ ပါလာတဲ့ ခရီးသည် ၄၅ ယောက်ရဲ့ ငွေ နဲ့ မိုဘိုင်းဖုန်း တွေကို ဓါးပြတွေ သိမ်းနေတုံး အနားကို ရောက်လာတဲ့ KNLA အဖွဲ့ ကားကို ဓားပြတွေက ဝိုင်းဝန်း ပစ်ခတ်ခဲ့ကြတာ ဖြစ်တယ်လို့ ထားဝယ် ရန်ကုန် ကားလိုင်း ဂိတ်မှူး ဦးရန်နိုင်က ပြောပါတယ်။

KNLA အဖွဲ့က လူတွေက ပျောက်ကြား ဝတ်စုံတွေ ဝတ်ထားတဲ့ အတွက် စစ်တပ်က လူတွေ အထင်နဲ့ ပစ်ခတ်ခဲ့တာလို့လည်း သူက ပြောပါတယ်။

အရင် အစိုးရ လက်ထက်မှာ အခုလို ဓါးပြမှုတွေ မကြာခဏ ဖြစ်ခဲ့ပေမဲ့ အခု အစိုးရ လက်ထက်မှာတော့ အခု တစ်ကြိမ် ပထမဆုံးဖြစ်တာလို့ အဲဒီ ဂိတ်မှူးက ပြောပါတယ်။

ခရီးသည်တွေ ထိခိုက် ဒဏ်ရာ ရတာ မရှိဘဲ ကြာသပတေး မနက်က ရန်ကုန်ကို ပြန်ရောက်လာကြပါတယ်။

အခု ဓားပြတိုက်မှုဟာ မွန်ပြည်သစ် ပါတီက လုံခြုံရေးယူထားတဲ့ နေရာနားမှာ ဖြစ်လို့ ဓားပြတိုက်သူတွေဟာ မွန်လက် နက် ကိုင်တွေဖြစ်နိုင်တယ်လို့ ခရီးသည်တွေဘက် က ခန့်မှန်းပြောဆို နေပါတယ်။

သေဆုံးသွားသူတွေရဲ့ အလောင်း တွေကို ရေးမြို့ နယ်ဆေးရုံကနေ ကေအန်ယူ ဘက်က ပြန်လည်ယူဆောင်သွားခဲ့ပါတယ်။

တင်းမာမှုတွေလည်း ရှိနေတယ် လို့သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ