အီးယူ ကုန်သွယ်ရေး ရုံး ရန်ကုန်မှာ ဖွင့်လှစ်

  • 12 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် eu
Image caption အီးယူရဲ့ ရင်းနှီး မြှုပ်နှံမှုတွေ အလုံး အရင်း ဝင်လာဖို့ ကတော့ မြန်မာ နိုင်ငံက အခြေ အနေ တွေ နဲ့ ဆိုင်နေပါတယ်

ဥရောပ သမဂ္ဂ အီးယူ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ မြန်မာ နိုင်ငံ တွင်း ပိုမို ရင်းနှီး မြုပ်နှံ နိုင်ဖို့ အတွက် အီးယူ ကုန်သွယ်ရေး ရုံး (European Chamber of Commerce) ဖွင့်ပွဲကို ရန်ကုန်မှာ သောကြာ နေ့က ပြုလုပ်ခဲ့ ပါတယ်။

မြန်မာ နိုင်ငံ တွင်း အီးယူ နိုင်ငံတွေရဲ့ ရင်းနှီး မြုပ်နှံ မှုဟာ ပြီးခဲ့တဲ့ နှစ်က ထက်စာရင် ၅၂% မြင့်တက် လာပြီး အခုနှစ် ဩဂုတ် လကုန်ပိုင်း အထိ တော့ ရင်းနှီး မြှုပ်နှံမှု တန်ဖိုးက အမေရိကန် ဒေါ်လာ (၄.၃) ဘီလျံ အထိ ရှိနေပါတယ်။

ဒါပေမယ့် ဒီ ပမာဏဟာ အိမ်နီးချင်း နိုင်ငံတွေ ရဲ့ ရင်းနှီး မြှုပ်နှံမှုနဲ့ စာရင်တော့ နည်းနေတယ် လို့ ဆိုရ မှာပါ။ မြန်မာ နိုင်ငံ ဆိုင်ရာ အီးယူ ရုံး အဖွဲ့ ရဲ့ သံ အမတ်ကြီး Roland Kobia ကတော့ အီးယူရဲ့ ရင်းနှီး မြှုပ်နှံမှုတွေ အလုံး အရင်း ဝင်လာဖို့ ကတော့ ဒီနိုင်ငံက အခြေအ နေတွေ နဲ့ ဆိုင်ပါတယ် လို့ ပြောပါ တယ်။ (၂၀၁၅) ရွေးကောက်ပွဲ ဟာ တိုင်းပြည် ကူးပြောင်းရေး ကာလရဲ့ အရေးကြီးတဲ့ အရာ တစ်ခု ဖြစ်ပြီး၊ ရွေးကောက်ပွဲ အခြေ အနေ ကောင်း ခဲ့ရင် စီးပွားရေး လုပ်ငန်း တွေ အတွက် အာမခံ ချက် ပေးနိုင် တာနဲ့ ရင်းနှီး မြှုပ်နှံမှုက ပိုဝင် လာမှာပါ လို့ သံ အမတ်ကြီး Roland Kobia က ပြော ကြားသွားခဲ့ပါတယ်။

လောလောဆယ်မှာ အီးယူ နိုင်ငံ တွေဟာ ရေနံ နဲ့ သဘာဝ ဓာတ်ငွေ့၊ ဓာတ်အားလိုင်း ဖြန့်ဖြူး ရေး၊ ဝန်ဆောင်မှု ပေးတာတွေနဲ့ နည်းပညာပိုင်း ဆိုင်ရာ လုပ်ငန်း တွေမှာ အများဆုံး ရင်းနှီး မြှုပ်နှံ နေတာ ဖြစ်ပါတယ်။

ကုန်သည်များ နဲ့ စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ရဲ့ ဒုဥက္ကဌ ဒေါက်တာ မောင်မောင်လေး ကတော့ လောလော ဆယ်မှာ အီးယူရဲ့ နိုင်ငံတွင်း ရင်းနှီး မြှုပ်နှံမှုတွေက တဖြည်းဖြည်း ချင်း မြင့်တက် လာနေတယ်လို့ ဆိုပါတယ်။

အခု အီးယူ ကုန်သွယ်ရေး ရုံး ဖွင့်လှစ်တဲ့ အခမ်း အနားကိုတော့ ဥရောပ နိုင်ငံတွေက စီးပွားရေး လုပ်ငန်းရှင် (၂၀၀) လောက် တက်ရောက်ခဲ့ပါတယ်။ ဒီပွဲမှာ မြန်မာ နဲ့ ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ နဲ့ အကြား ကုန်သွယ်မှု တိုးမြှင့်ဖို့ တာဝန်သိ ရင်းနှီး မြှုပ်နှံမှုတွေ လုပ်ဆောင်ဖို့ အပြင် နည်းပညာ အထောက် အပံ့တွေ နဲ့ အခြေခံ အဆောက် အအုံ ဖွံဖြိုးမှု လို ကိစ္စ တွေကို ဆွေးနွေး ခဲ့ကြ ပါတယ်။

တက်ရောက် လာတဲ့ စီးပွားရေး လုပ်ငန်းရှင် အများစု ကတော့ မြန်မာ နိုင်ငံတွင်း နိုင်ငံရေး စီးပွားရေး တည်ငြိမ်မှု ရှိတဲ့ အနေ အထားမှာ ရင်းနှီး မြှုပ်နှံ မှုတွေ ပို လုပ် နိုင်ဖို့ မျှော်လင့် နေကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ