လေ​ယာဉ်​နဲ့ ငှက်​အုပ် ဝင်တိုက်​မှု ၅ ရက် အတွင်း ၂ ကြိမ် ဖြ​စ်

  • 14 ဒီဇင်ဘာ 2014
myanmar_international_airline ဓာတ်ပုံ မူပိုင် b
Image caption MAI နဲ့ KBZ လေကြောင်းလိုင်းက လေယာဉ် တွေ ငှက်တွေနဲ့ ဝင်တိုက်တဲ့ ဖြစ်ရပ် အခု ရပ်ပိုင်းတွေမှာ တွေ့ကြုံ ခဲ့ရပါတယ်။

မြန်မာနိုင်ငံ မှာ လေယာဉ်နဲ့ ငှက်အုပ်တွေ ဝင်တိုက်တဲ့ ဖြစ်ရပ် ၅ ရက် အတွင်း ၂ ကြိမ် မြောက် အနေနဲ့ ကမ္ဘောဇ လေကြောင်းလိုင်းက လေယာဉ်ဟာ ဒီဇင်ဘာ ၁၄ ရက်နေ့က ပဲခူးမြို့ ပေါ် ပေ ၃ ထောင် အမြင့်လောက် မှာ ငှက်တွေနဲ့ ဝင်တိုက် ခဲ့လို့ ရန်ကုန် လေဆိပ်ကို နောက်ကြောင်း ပြန်လှည့်ပြီး အရေးပေါ် ဆင်းသက် ခဲ့ရပါတယ်။

အဲဒီ့ ဖြစ်ရပ်မှာ လေယာဉ်ရဲ့ အရှေ့မှန်တွေကို ငှက်တွေက ဝင်တိုက် ခဲ့တာပါ။ လေယာဉ် ပျက်စီးမှု အနည်းငယ် ရှိပေမယ့် လူတွေတော့ မထိခိုက် ခဲ့ဘူးလို့ ဆိုပါတယ်။

ဒီဇင်ဘာ ၁၀ ရက်နေ့တုန်း ကလည်း MAI လေယာဉ်တစ်စင်း လည်း ပဲခူးမြို့ပေါ် မှာပဲ ငှက်အုပ်နဲ့ အလားတူ ဝင်တိုက်ခဲ့လို့ လေယာဉ် ထိပ်ပိုင်း ပေါက်ပြဲပြီး အရေးပေါ် ဆင်းသက် ခဲ့ရ ပါသေး တယ်။

ငှက်တွေရဲ့ အမူအကျင့် အလေ့အထတွေ ကို ဆယ်စုနှစ် တော်တော်များများ လေ့လာထား တဲ့ မြန်မာနိုင်ငံ ငှက် ဝါသနာ ရှင်များ အသင်း ဥက္ကဌ ဦးသိန်းအောင် ကတော့ ဒီလို အဖြစ်အပျက် မျိုး ရက်ပိုင်း အတွင်း ဆက်တိုက် ဖြစ်လာခဲ့တာ ထူးဆန်းတယ် ဆိုပြီး မှတ်ချက် ချပေမယ့် သဘာဝ ရာသီဥတု အပြောင်းအလဲ နဲ့ ဆက်စပ်နိုင်တဲ့ ငှက် အမူ အကျင့်မျိုး အဖြစ် မယူဆ ကြောင်း ပြောပါတယ်။

လေယာဉ်တွေ နဲ့ ဝင်တိုက်ခဲ့တဲ့ ငှက် အမျိုးအစား ဟာ ဆောင်းခိုဖို့ ရွှေ့ပြောင်းလာတဲ့ ကြိုးကြာလို ရေငှက် အမျိုးစားထက် စာရင်၊ သိန်းစွန် အုပ်စုထဲ ပါဝင်နိုင်တဲ့ ငှက်ကြီး အမျိုးစားတွေ ဖြစ်နိုင်တယ် လို့လည်း ဦးသိန်းအောင် က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ