ဦး​ဆန်းဆင့် အယူခံ​ကို တရား လွှတ်တော်​ချူပ်ထိ တက်​မယ်

  • 14 ဒီဇင်ဘာ 2014
u_san_sint
Image caption အပြစ်မရှိကြောင်း ပြသဖို့ အယူခံ တက်ရတာ လို့ ဦးဆန်းဆင့်ရဲ့ ရှေ့နေက ပြောပါတယ်။

သာသနာရေး ဝန်ကြီး ဟောင်း ဦးဆန်းဆင့် အမှုရဲ့ အယူခံ ကို မန္တလေးတိုင်း တရားရုံးက လက်မခံပဲ ပလပ် လိုက်တဲ့ အတွက် တရား လွှတ်တော်ချူပ် ကို တက်ရောက် အယူခံမယ် လို့ ဦးဆန်းဆင့် ရဲ့ ရှေ့နေ ဦးတင်ထွန်း က ပြောပါတယ်။

ဦးဆန်းဆင့်ကို အစိုးရ အပေါ် အကြည်ညို ပျက်စေမှု၊ အလွဲသုံးစား မှုတွေနဲ့ စုစုပေါင်း ထောင်ဒဏ် ၁၃ နှစ် နဲ့ ဒဏ်ငွေ တစ်သိန်း ပြစ်ဒဏ် ချထားတာ ဖြစ်ပါတယ်။

အမှုကိစ္စမှာ ထည့်သွင်း စဉ်းစားရမယ့် အချက် တချို့ကို ချန်လှပ်ပြီး ပြစ်မှု ထင်ရှားကြောင်း စီရင်ထားတာ ဖြစ်တဲ့ အတွက် ဥပဒေပိုင်း ဆိုင်ရာ နစ်နာမှု ရှိလို့ အယူခံ အဆင့်ဆင့် တက်မှာ ဖြစ်ကြောင်း လည်း ဦးတင်ထွန်းက ဆိုပါတယ်။

သမ္မတရဲ့ ခွင့်ပြုမှုနဲ့ အုပ်ချူပ်ရေး အာဏာပိုင်တွေက တရားလိုလုပ်ပြီး တရားရေး အာဏာပိုင်တွေ က အပြစ်ရှိ တယ် ဆိုပြီး ဆုံးဖြတ် ထားတဲ့ အမှု ဖြစ်လို့ အခက်အခဲ တွေ ရှိပေမယ့်၊ ပြစ်ဒဏ် လျှော့ပေါ့ ပေးဖို့လောက် အယူခံနေတာ မဟုတ်ပဲ အပြစ် မရှိကြောင်း ပြသနိုင်ရေး အတွက် ဥပဒေအရ ရင်ဆိုင်နေတာ ဖြစ်တယ် ဆိုပြီး တော့လည်း ဦးတင်ထွန်း က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ