သမ္မတ အိမ်တော် သ​တင်း​ထောက်တွေ ရှေ့​နှစ်​ဆန်း​မှာ စ​ထားမယ်

  • 16 ဒီဇင်ဘာ 2014
ye_htut
Image caption သမ္မတ အိမ်တော် သတင်းထောက်တွေရဲ့ အရည်အချင်း သတ်မှတ်မှုကို စာနယ်ဇင်း ကောင်စီနဲ့ တိုင်ပင်နေတယ်။

နေပြည်တော် က သမ္မတ အိမ်တော်ကို ဝင်ထွက် သွားလာ နိုင်တဲ့ သတင်းထောက်တွေ ခန့်ထားမယ် ဆိုပြီး သမ္မတရဲ့ ပြောခွင့်ရ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

အဲဒီ အစီအစဉ်ကို လာမယ့်နှစ် ၂၀၁၅ ဇန်နဝါရီ လဆန်းမှာ စပြီး အကောင်အထည် ဖော်မယ် ဆိုပြီးတော့လည်း ဦးရဲထွဋ်က ပြောပါတယ်။

အဲဒီလိုသမ္မတ အိမ်တော်မှာ ဝင်ထွက်ပြီး သတင်းယူ နိုင်တဲ့ သတင်းထောက်တွေ အမည်စာရင်း ကို စာနယ်ဇင်း ကောင်စီ က အကြံပြုမှာ ဖြစ်ပြီး၊ အိမ်တော်မှာ သတင်းထောက် တွေ အတွက် သီးသန့် ရုံးခန်း ထားပေးမယ်လို့ ဆိုပါတယ်။

လတ်တလော မှာ ထွက်ပေါ်နေတဲ့ ဗိုလ်ချူပ်မှုးကြီးဟောင်း ဦးသန်းရွှေ ရဲ့ ကျန်းမာရေး အခြေအနေ နဲ့ ပတ်သက် ပြီးတော့လည်း ကွယ်လွန် သွားပြီဆိုတာ ကောလဟာလ ဖြစ်ကြောင်း ဦးရဲထွဋ်က ပြောပါတယ်။

ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်ထားတဲ့ ၆ ပွင့်ဆိုင် ဆွေးနွေးရေး အပေါ် သမ္မတ အနေနဲ့ သဘောတူ မတူ မဆုံးဖြတ် ရသေးကြောင်း ဦးရဲထွဋ်က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ