စာရေး​ဆရာ ထင်​လင်း​ဦး ရုံး​ချိန်း​နေ့​မှာ အဖမ်းခံရ

  • 17 ဒီဇင်ဘာ 2014
thai_monks
Image caption ဘာသာသာသနာ ညှိုးနွမ်းစေမှုနဲ့ ဦးထင်လင်းဦးကို ဖမ်းဆီး။

ဗုဒ္ဓဘာသာ ကို အကြည်ညို ပျက် အောင် ဟောကြားခဲ့ လို့ ဆိုပြီး စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် တရားရုံးမှာ တရားစွဲ ခံထားရတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ရဲ့ ပြန်ကြားရေး အဖွဲ့ဝင် တစ်ဦးဖြစ်သူ စာရေးဆရာ ထင်လင်းဦး ကို ပထမ ရုံးချိန်းနေ့ မှာပဲ ဖမ်းဆီးလိုက်ပြီး အာမခံ ပေးဖို့လည်း တရားရုံးက ငြင်းပယ် ခဲ့ပါတယ်။

အခုတော့ ဦးထင်လင်းဦးကို မုံရွာထောင် ကို ပို့လိုက်ပါပြီ။

ပြီးခဲ့တဲ့ အောက်တိုဘာလ တုန်းက ချောင်းဦးမြို့နယ် ထဲမှာ လုပ်ခဲ့တဲ့ စာပေ ဟောပြောပွဲ တစ်ခုမှာ ဦးထင်လင်းဦး ရဲ့ ဟောပြော မှုတွေဟာ ဗုဒ္ဓဘာသာ ကို ထိခိုက် စေတယ် ဆိုပြီး မြို့နယ် အာဏာပိုင် အဖွဲ့စည်း တစ်ခု ဖြစ်တဲ့ လူဝင်မှု ကြီးကြပ်ရေး ကနေ တရားလို လုပ် တရားစွဲ ထားခဲ့တာ ဖြစ်ပါတယ်။

သေဒဏ် ကျွန်းဒဏ် မထိုက်တဲ့ ပုဒ်မမျိုးနဲ့ စွဲခံ ထားရသူ အပေါ် အာမခံ ငြင်းဆန် လိုက်တာဟာ တရားရုံးက ဒီ အမှုအပေါ် အတော် ပြင်းပြင်း ထန်ထန် သဘောထား နေတာ ဖြစ်တယ် ဆိုပြီး ဦးထင်လင်းဦး ရဲ့ ရှေ့နေ ဦးသိန်းသန်းဦး က ပြောပါတယ်။

ဒီဇင်ဘာ ၁၇ ရက်နေ့ တရားခွင်ကို သတင်းယူမယ့် သတင်းထောက် တွေကို သက်ဆိုင်ရာ နယ်မြေခံ ရဲတပ်ဖွဲ့ က သတင်းယူခွင့် တားမြစ်ခဲ့ သလို အမျိုးဘာသာ သသနာ စောင့်ရှောက်ရေး အဖွဲ့ က သံဃာ ၃၀ ကျော်နဲ့ လူပုဂ္ဂိုလ် ၅၀ ကျော်လည်း ရုံးချိန်းကို တက်ရောက်ခဲ့ပြီး သတင်းထောက် တယောက်ချင်း ဆီကို ဓါတ်ပုံတွေ ရိုက်ယူတာတွေ မေးမြန်းတာတွေ ရှိတယ်လို့ ချောင်းဦးကို ရောက်နေတဲ့ သတင်းထောက် တွေက ပြောပါတယ်။

NLD ပါတီကတော့ ဦးထင်လင်းဦး ရဲ့ ဟောပြော မှုတွေဟာ ပါတီရဲ့ အာဘော် မဟုတ်ဘူး ဆိုပြီး ထုတ်ပြန်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ