မြန်မာ့လျှပ်စစ်ဓါတ် ဖြန့်ဖြူးတဲ့ ရေတိုစီမံချက်

  • 19 ဒီဇင်ဘာ 2014
_bbc_304x171_bbc
Image caption APR ကုမ္ပဏီမှ မြန်မာနိုင်ငံအတွက် လျှပ်စစ်ထုတ်

မြန်မာနိုင်ငံ မှာ လျှပ်စစ်စွမ်းအင် အသုံးပြုနိုင်တဲ့ ဉီးရေ ဟာ နိုင်ငံ့လူဦးရေ ရဲ့ သုံးပုံ တပုံပဲ ရှိတဲ့ အတွက် မြန်မာ အစိုးရ က ရေတိုစီမံကိန်း အဖြစ် အမေရိကန် မှ စွမ်းအင်ထုတ်လုပ်ရေး ကုမ္ပဏီ APR ရဲ့ အကူအညီ ကို ၂ နှစ် စာချုပ် ချုပ်ပြီး ကျောက်ဆည်မြို့ အနီး စီမံ ဆောင်ရွက် တာကို ဘီဘီစီ သတင်းထောက် ဂျိုနာဖစ်ရှာ က ပြောပါတယ်။

သင်္ဘော ကုန်ပစ္စည်းတင်တဲ့ ကွန်တိန်နာ အလုံးရေ ၆၇ ခု ထဲမှာ ဓါတ်ငွေ့ ဂျင်နရေတာ ကို တပ်ဆင်ထားပြီး မြန်မာ့ အစိုးရ ထံမှ ရရှိတဲ့ သဘာဝ ဓါတ်ငွေ့မှ တဆင့် လျှပ်စစ်ဓါတ် ထုတ်လုပ်တဲ့ အခါမှာ ကွန်တိန်နာ တလုံးမှ ၁ ဒဿမ ၅ မီဂါဝပ် လျှပ်စစ်ဓါတ် ကို ရရှိတဲ့ အတွက် ပုံမှန် လည်ပတ်ပေးရုံ နဲ့ ၈၃ မီဂါဝပ် ထွက်လာရင် လူဉီးရေး ၆ သိန်း အသုံးပြုနိုင်တဲ့ လျှပ်စစ်ဓါတ် ထွက်လာနိုင်ပုံ ကို APR ကုမ္ပဏီ ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး က ဘီဘီစီ ကို ရှင်းပြပါတယ်။

၂၀၁၃ ခု နှစ်ကုန်ပိုင်း က စတင် ချုပ်ဆိုတဲ့ မြန်မာ အစိုးရ နဲ့ ၂ နှစ် စာချုပ် ပြည့်တဲ့ အထိ APR ကုမ္ပဏီ က လျှပ်စစ်ဓါတ် ထုတ်ပေးနေမှာပါ။ ဒါပေမဲ့ ကုန်ထုတ် စွမ်းအင် အဖြစ် လိုအပ်တဲ့ မီဂါဝပ် ၁၀၀၀ ကိုတော့ ဒီစက်တွေ နဲ့ မရနိုင်တဲ့ အကြောင်း၊ ခေတ်မီတဲ့ ဓါတ်ငွေ့ တာဘိုင်စက်တွေ နဲ့မှ ရနိုင်မဲ့ အကြောင်းလည်း ဦးဆောင်ညွှန်ကြားရေးမှူး က ဘီဘီစီ ကို ရှင်းပြပါတယ်။

မြန်မာ့နိုင်ငံရေး ပြောင်းလဲလာတာနဲ့ အမျှ အိမ်နီးချင်း နိုင်ငံတွေနဲ့ လည်း စီပွားရေး အရ အမီ လိုက်လိုတဲ့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ ၂၀၁၃ နှစ်ကုန်ပိုင်းမှာ တရုတ်နိုင်ငံ ကို ရွှေဓါတ်ငွေ့ ထုတ်လုပ်ရေး စီမံကိန်း အရ အနောက်ဘက် ကမ်းရိုးတန်း က သဘာဝ ဓါတ်ငွေ့ ကို ရောင်းခဲ့ပြီ ဖြစ်လို့ အခုလို ကျောက်ဆည်ဘက်မှာ ယာယီ လျှပ်စစ်ထုတ်လုပ်ပေးတဲ့ အကြောင်း ဘီဘီစီ သတင်းထောက် ဂျိုနာဖစ်ရှာ က ကိုယ်တိုင် ကွင်းဆင်း လေ့လာပြီး သတင်း ပို့လိုက်တာပါ။