မိကျောင်းကန်အရေး ကူညီသူ ကိုဝေဠု တရားစွဲခံရ

  • 19 ဒီဇင်ဘာ 2014
Michaungkan Protest in 2013 ဓာတ်ပုံ မူပိုင် Thein Aung Myint FB
Image caption ၂၀၁၃ ခုနှစ် မိကျောင်းကန် သပိတ်စခန်း

သိမ်းဆည်းခံထားရတဲ့ မြေတွေ ပြန်ရရေး တောင်းဆို နေကြတဲ့ မိကျောင်းကန် ဆန္ဒပြမှုကို ကူညီပံ့ပိုးပေးသူ တစ်ယောက် ဖြစ်ကို ဒီဇင်ဘာ ၁၈ ရက်နေ့ ညကဖမ်းဆီးပြီး နိုင်ငံတော် အကြည်ညို ပျက်စေမှု ဆိုင်ရာ ပုဒ်မ ၅၀၅ ခ နဲ့ နောက်တစ်နေ့မှာ ရုံးတင် တရားစွဲဆိုလိုက်ပါတယ်။

ရန်ကုန် ပြည်သူ့ အကျိုးဆောင်ကွန်ရက်က ကိုဝေဠုကို ရွှေဂုံတိုင်မှာ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တုန်းက သူနဲ့ အတူ Generation Youth အဖွဲ့က ကိုသီဟလည်း ရှိနေခဲ့ပါတယ်။

နှစ်ယောက်စလုံးကို အရပ်ဝတ် အယောက်၂၀ လောက်က အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးကို ဖမ်းခေါ်သွားပြီး သီးခြားစီ တစ်ညလုံး စစ်မေးခဲ့တယ်လို့ ကိုသီဟက ပြောပါတယ်။

နောက်တစ်နေ့ မနက်မှာ ကိုသီဟကို ပြန်လွှတ် ပေးခဲ့ပါတယ်။

ဖမ်းဆီးစဉ်က ဘာကြောင့် ဖမ်းတယ်ဆိုတာ မပြောဘဲ စစ်မေးတဲ့ အခါကျမှ မိကျောင်းကန် ကိစ္စမှန်း သိရတယ်လို့ လည်း သူက ပြောပါတယ်။

ကိုဝေဠုကို ဖမ်းဆီးလိုက်တဲ့ အတွက် မိကျောင်းကန် ဆန္ဒပြမှုတွေအပေါ် တစုံတရာ သက်ရောက်မှု ရှိမှာ မဟုတ်ဘူးလို့ လည်း သူက ပြောပါတယ်။

ကိုဝေဠုကို ဒီဇင်ဘာ ၁၉ ရက်နေ့ မနက်က ကျောက်တံတား တရားရုံးမှာ ရုံးထုတ် ခဲ့ပြီးနောက် အင်းစိန်ထောင်ကို ပို့လိုက်တယ်လို့ ကြားရကြောင်းလည်း ကိုသီဟက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ