အများအကျိုး အဆောင်ဆုံးဆု ကျော်သူ ရရှိ

  • 20 ဒီဇင်ဘာ 2014
kyaw thu ဓာတ်ပုံ မူပိုင် FFSS
Image caption နာရေး ကူညီမှု အသင်း ဥက္ကဋ္ဌ ဦးကျော်သူ

၂၀၁၄ တနှစ် အတွင်း အများအကျိုး အစွမ်းဆောင်နိုင်ဆုံး ပုဂ္ဂိုလ် ၁ဝ ဦး စာရင်းကို ပရိသတ် ဆန္ဒမဲနဲ့ ဘီဘီစီ မြန်မာပိုင်း က ရွေးချယ် လိုက် ပါတယ်။

လူ ၃ သိန်းကျော် လာကြည့်တဲ့ ဒီ အင်တာနက် စစ်တမ်း အရ နာရေး ကူညီမှု အသင်း ဥက္ကဋ္ဌ ဦးကျော်သူ က မဲအများဆုံးနဲ့ ပထမ ရရှိ ပါတယ်။

သူ့နောက် သီတဂူ ဆရာတော် အရှင်ဉာဏိဿရ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးနေမျိုးဇင်၊ ဦးမင်းကိုနိုင်၊ သမ္မတ ဦးသိန်းစိန်၊ ဒေါ်ဖြူဖြူသင်း၊ ဒေါ်သန်းမြင့်အောင်၊ ဦးထူးချစ်၊ ဦးဇော်ဇော် တို့ ရရှိ ကြပါတယ်။

မြန်မာ နိုင်ငံမှာ ဂုဏ်ထူးဆောင် ဆုကို ရဖို့ လျှောက်လွှာ နဲ့ တင်သွင်း ရ တာမျိုးပဲ ရှိခဲ့တာမို့ ဒီလို ဆန္ဒမဲ နဲ့ ရတာကို အများကြီး ကျေနပ် မိတယ်လို့ ဦးကျော်သူ က ပြောပါတယ်။

ဒီဆု ရတာဟာ နာရေး အသင်းသားတွေ ရဲ့ ဆောင်ရွက် ကြိုးပမ်းချက် တွေကို အသိအမှတ် ပြုတာသာ ဖြစ်တယ် လို့လည်း ဆိုပါတယ်။

နာရေး အသင်းက အခမဲ့ နာရေး ကူညီမှု အပြင် ကုသိုလ်ဖြစ် ဆေးခန်းတွေ ဖွင့်လှစ် ကုသ ပေးနေပါတယ်။

မြန်မာ နိုင်ငံ တဝှမ်းက အလားတူ နာရေး ကူညီမှု အသင်း တွေကို လည်း ရန်ကုန် အသင်းက နာရေး ယာဉ်၊ အခေါင်း ၊ သင်္ဂြိုဟ်စက် စသည်ဖြင့် ကူညီ ထောက်ပံ့ ပေးနေပါတယ်။

လက်ရှိ ဝန်ထမ်း ၁၂ဝ ကျော်နဲ့ စေတနာ့ ဝန်ထမ်း လူ ၅ဝဝ လောက် ၂ဝဝ၁ ခုနှစ် ကတည်းက နားရက် မရှိ လုပ်ကိုင် ပေးနေတယ် လို့ သိရပါတယ်။

အာဏာပိုင် တွေဘက်က အသင်း လှုပ်ရှားမှု တွေကို အရင်လို ပိတ်ပင်မှု မရှိတော့ ပေမယ့် စာပေ ဟောပြောပွဲ ပိတ်ပင်မှုတွေ ရှိသေးတယ် လို့ ဦးကျော်သူ က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ