​စစ်​တပ်​နဲ့ မီ​ဒီ​ယာကြား ပထမ​ဆုံးအကြိမ် အလုပ်​ရုံ ဆွေးနွေး​ပွဲ လုပ်

  • 20 ဒီဇင်ဘာ 2014
burma_military_ ဓာတ်ပုံ မူပိုင် elvis
Image caption သတင်း မီဒီယာတွေ ကို ပြန်ကြားပေးမယ့် စစ်တပ် ပြောရေးဆိုခွင့် ရှိသူ သတ်မှတ်ပေးဖို့ သတင်းသမားတွေ တောင်းဆိုထား။

မြန်မာ စစ်တပ်နဲ့ မီဒီယာတွေ ကြားမှာ သတင်း စီးဆင်းမှု မြန်ဆန် စေမယ့် ယန္တယား တစ်ရပ် ပေါ်ပေါက် လာဖို့ အတွက် ၂ ဘက် တွေ့ဆုံကြ တဲ့ အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခု လုပ်ခဲ့ ကြပါတယ်။

စစ်တပ် အနေနဲ့ သူတို့ အပေါ် စွပ်စွဲမှု တွေ ကြုံလာရင် ပြင်ပ မီဒီယာတွေကနေ တဆင့် မြန်မြန် ဆန်ဆန် တုန့်ပြန် နိုင်ဖို့ အခုလို မီဒီယာနဲ့ အကြား ပုံမှန် လမ်းကြောင်း တွေ ဖွင့်လှစ် လိုနေပြီး၊ မီဒီယာတွေ ဘက်ကလည်း အရင် အခြေအနေ အတွေ့အကြုံ တွေအရ စစ်တပ်နဲ့ ပတ်သက်တယ် ဆိုရင် သတင်းယူရ ခက်ခဲတဲ့ အခြေအနေ မျိုးကနေ ကျော်လွန် ချင်နေ ကြတာ ဖြစ်ပါတယ်။

စစ်တပ် နဲ့ သတင်းသမား တွေ အကြား ခေတ်ကာလ နဲ့ ကိုက်ညီတဲ့ ဆက်ဆံရေး တစ်ရပ် ရရှိဖို့ လမ်းပွင့် လာပြီ လို့ အဲဒီ အလုပ်ရုံ ဆွေးနွေးပွဲ မှာ ပါဝင်ခဲ့တဲ့ မြန်မာ စာနယ်ဇင်း ကောင်စီ (ယာယီ) ရဲ့ ဒုဥက္ကဌ သတင်းစာဆရာ ဖိုးသောကြာ က ပြောပါတယ်။

မီဒီယာတွေ က တောင်းဆိုသလို စစ်တပ်ဘက်က မီဒီယာကို ပြန်ကြားပေးမယ့် ပြောရေး ဆိုခွင့် ရှိသူ တစ်ဦး သတ်သတ်မှတ်မှတ် ခန့်ထားဖို့ ကိစ္စ အပါအဝင် ဆက်သွယ်ရေး လမ်းကြောင်းတွေ ဖော်ဆောင် ပေးမယ် ဆိုပြီး စစ်ဘက်က ကိုယ်စားလှယ် တွေက အဲဒီ အလုပ်ရုံ ဆွေးနွေးပွဲ မှာ ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ