ဖွဲ့​စည်း​ပုံပြင်​ရေး တိုင်း​ရင်း​သား​ပါ​တီ​တွေ ညီလာခံ ခေါ်​ယူ

  • 20 ဒီဇင်ဘာ 2014
president_dinner_ethnics ဓာတ်ပုံ မူပိုင် hms
Image caption နိုင်ငံရေး အကြပ်အတည်းကို ကျော်လွှားဖို့ ဆိုရင် ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရမယ် ဆိုပြီး ရခိုင် ခေါင်းဆောင် ဦးအေးသာအောင် ပြော။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် အဖွဲ့ UNA ရဲ့ အဖွဲ့ဝင် ပါတီတွေ ကြားမှာ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး နဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေး စတဲ့ အကြောင်းအရာ တွေနဲ့ စပ်လျှဉ်းပြီး ခိုင်မာတဲ့ မူဝါဒ တစ်ရပ် ရှိလာဖို့ ညီလာခံ တစ်ရပ် ခေါ်ယူ ကျင်းပ တော့မှာ ဖြစ်ပါတယ်။

လာမယ့် ဒီဇင်ဘာ ၂၁ ရက်နဲ့ ၂၂ တွေမှာ UNA အဖွဲ့ဝင် ပါတီတွေ တွေ့ဆုံကြမှာ ဖြစ်ပြီး နောက်ထပ် ၂ ရက် ဆက်ပြီး တော့လည်း မဟာမိတ် ပါတီတွေ၊ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့တွေ အပါအဝင် အရပ်ဖက် လူမှုအဖွဲ့ အစည်းတွေ နဲ့ပါ ဆွေးနွေး သွားမှာ ဖြစ်တယ် လို့ UNA အဖွဲ့ဝင် ရခိုင် အမျိုးသားပါတီ ရဲ့ ဒုတိယဥက္ကဌ ဦးအေးသာအောင် က ဘီဘီစီ ကို ပြောပါတယ်။

မြန်မာပြည်မှာ နိုင်ငံရေး အကြပ်အတည်း ကျရောက် နေပြီး ဒီ အခြေအနေ ကို ကျော်လွန်ဖို့ ၂၀၀၈ အခြေခံဥပဒေ ကို ပြင်မှ ဖြစ်မယ်လို့ လည်း ဦးအေးသာအောင် က ဆိုပါတယ်။

ရန်ကုန် တော်ဝင်နှင်းဆီ မှာ ကျင်းပမယ့် UNA ညီလာခံ ကနေ ဒီမိုကရေစီ အင်အားစု တွေ အကြား ရှေ့ဆက်ရမယ့် နိုင်ငံရေး ခရီးစဉ် အတွက် ကိုင်စွဲရမယ့် မူဝါဒ အခြေခံတွေ ရရှိလာဖို့ မျှော်လင့် ထားကြောင်း ဦးအေးသာအောင် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ