အပစ်​ရပ်​စာ​ချူပ် အရေး ဆွေး​နွေးကြပြန်

  • 21 ဒီဇင်ဘာ 2014
mpc_ncct_unfc ဓာတ်ပုံ မူပိုင် epa
Image caption တစ်ခုတည်းသော အပစ်ရပ် သဘောတူမှု ရအောင် ဆွေးနွေးခဲ့ကြတာ အကြိမ်ကြိမ် ရှိပါပြီ။

တနိုင်ငံလုံး အပစ်ရပ် သဘောတူမှု ရဖို့ တိုင်းရင်းသား လက်နက်ကိုင်တွေ နဲ့ အစိုးရ ကိုယ်စားလှယ်တွေ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ တွေ့ဆုံ ကြဦးမှာ ဖြစ်ပါတယ်။

လာတက်မယ့် တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစု အဖွဲ့ ဖြစ်တဲ့ NCCT မှာတော့ ကရင်အဖွဲ့ ကေအဲန်ယူ က ဖဒိုကွယ်ထူးဝင်း ဦးဆောင် လာတာဖြစ်ပြီး၊ NCCT ရဲ့ ခေါင်းဆောင် မွန်ပြည်သစ်ပါတီက နိုင်ဟံသာနဲ့ ကချင် ကေအိုင်အေက ဗိုလ်ချူပ်ဂွမ်မော်တို့ ပါဝင်လာခြင်း မရှိပါဘူး။

မူလ အစီအစဉ် အရတော့ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ တွေ့ဆုံကြဖို့ အစိုးရက ဖိတ်ခေါ် ထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ကေအိုင်အေ ဌာနချုပ် လိုင်ဇာက ဗိုလ်သင်တန်း ကျောင်းကို အစိုးရ စစ်တပ်က နိုဝင်ဘာလထဲ တုန်းက လက်နက်ကြီး နဲ့ ပစ်ခတ်ခဲ့ပြီး ဗိုလ်လောင်း ၂၀ ကျော် သေဆုံး ခဲ့ရမှု ပေါ်ပေါက် လာခဲ့တဲ့နောက် NCCT ဘက်က အစိုးရ အနေနဲ့ တာဝန်ယူမှု လုပ်ရမယ်၊ နောက်နောင် ဒီလို အဖြစ်မျိုးတွေ မရောက်အောင် အာမခံမှု ပေးရမယ် ဆိုတဲ့ တောင်းဆိုမှု တွေ ပြုလုပ်ခဲ့ပြီး၊ အစိုးရဘက်က တိကျတဲ့ တုန့်ပြန်မှု တွေ မရရင် လာရောက် တက်မှာ မဟုတ်ဘူး ဆိုတဲ့ ပြောဆို ချက်တွေ ထွက်ပေါ် ခဲ့ပါတယ်။

ဒီလ အစောပိုင်းကပဲ ၂ ဘက် အကြား အကြို ဆွေးနွေးမှုတွေ ထိုင်း နိုင်ငံထဲမှာ လုပ်ခဲ့ပြီး၊ အခုလို ဒီဇင်ဘာ ၂၂ ရက်နေ့ ရန်ကုန် ငြိမ်းချမ်းရေး စင်တာမှာ တွေ့ဆုံ သွားမှာ ဖြစ်ပေမယ့်၊ NCCT ဘက်က ထိပ်တန်း ခေါင်းဆောင် တချို့ ပါဝင်မလာတာ ကို တွေ့ရပါတယ်။

၂ ရက်ကြာ ကျင်းပမယ့် အခု ဆွေးနွေးပွဲမှာ ပင်မ အကြောင်းအရာ ဖြစ်တဲ့ အပစ်ရပ် သဘောတူမှု အတွက် အခြေခံမူတွေ အကြောင်း ဆွေးနွေးမှာ ဖြစ်သလို တိုင်းရင်းသားတွေ ဘက်က ဆွေးနွေးလိုတဲ့ ဘယ်လို ကိစ္စမျိုး မဆိုလဲ ထည့်သွင်း ဆွေးနွေး နိုင်ပါတယ် လို့ မြန်မာငြိမ်းချမ်း ရေးစင်တာ က အကြီးတန်း အကြံပေး ဦး လှမောင်ရွှေ က ဘီဘီစီကို ပြောပါတယ်။

အစိုးရ ဘက်ကတော့ ကျန်ရှိ နေသေးတဲ့ သမ္မတ သက်တမ်း ၁ နှစ်ကျော်လောက် အတွင်းမှာပဲ တနိုင်ငံလုံး အပစ်ရပ် သဘောတူမှု ရရှိဖို့ ရည်မှန်း ထားတဲ့ အပြင် နိုင်ငံရေး စကားပြောပွဲတွေ စတင် လာနိုင်ဖို့ ကြိုးစားသွားမယ့် အကြောင်း ဦး လှမောင်ရွှေ က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ