တောင်ဥက္ကလာ ပန်းခြံ အားကစားကွင်း ပြန်ရရေး ဆန္ဒပြသူတွေကို တရားစွဲ

  • 21 ဒီဇင်ဘာ 2014
Image caption (၈၈) မျိုးဆက်က ဦးကိုကိုကြီး အပါ အဝင် ဆန္ဒပြ ခေါင်းဆောင် ၅ ဦးကို ပုဒ်မ ၁၉ နဲ့ တရား စွဲဆို

တောင်ဥက္ကလာပ မြို့နယ် ၊ (၉) ရပ်ကွက်မှာ ရှိတဲ့ ပန်းခြံ အားကစား ကွင်းကို အာဏာပိုင် တွေက အဆောက် အဦး ဆောက်လုပ် ဖို့ စီစဉ် တာကို ကန့်ကွက် ဆန္ဒပြ တဲ့ ခေါင်းဆောင် (၅) ဦးကို မြို့နယ် ရဲစခန်းက ပုဒ်မ (၁၉)နဲ့ အမှုဖွင့် လိုက် ပါတယ်။

ပန်းခြံ အားကစားကွင်း နေရာ ပြန်ရရေး ဆန္ဒ ပြပွဲကို ဦးဆောင် ခဲ့တဲ့ (၈၈) မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့ အဖွဲ့ အစည်းက ဦးကိုကိုကြီး အပါ အဝင် ဆန္ဒပြ ခေါင်းဆောင် (၅)ဦးကို ခွင့်ပြု ထားတဲ့ နေရာမှာ ဆန္ဒ ဖော်ထုတ်မှု မလုပ်လို့ ဆိုပြီး ပုဒ်မ (၁၉)နဲ့ တရား စွဲဆို လိုက်တာ ဖြစ်ပါတယ်။

ဆန္ဒ ပြပွဲကို တာမွေမှာ ရှိတဲ့ ကျိုက္ကဆံ ပြည်သူ့ ဟစ်တိုင် မှာ လုပ်ဖို့ ခွင့်ပြု တာကို မလိုက်နာဘဲ တောင်ဥက္ကလာပ မြို့နယ် ထဲမှာ လုပ်တဲ့ အတွက် တရား စွဲဆို ရတာ လို့ တောင်ဥက္ကလာပ မြို့နယ် ရဲတပ်ဖွဲ့ မှူး ဦးမျိုးအောင် က ပြောပါတယ်။

ဆန္ဒပြသူ တွေဟာ ပန်းခြံ အားကစားကွင်း ပြန်လည် ခွင့်ပြု ပေးပါ ဆိုတဲ့ ဆိုင်းဘုတ် တွေ ကိုင်ဆောင်ပြီး ပန်းခြံ နေရာ ရှေ့ ကနေ အနောက်ပိုင်း ခရိုင် စည်ပင်ရုံးရှေ့ အထိ စုဝေး လမ်းလျှောက် ခဲ့တာပါ။ ရုံးရှေ့ မှာတော့ ဆန္ဒပြ ခေါင်းဆောင် တွေက ဟောပြော မှုတွေ လုပ်ခဲ့ ပါတယ်။

လောလောဆယ် မှာတော့ အားကစားကွင်း နေရာ မြေ ကွက်လပ်မှာ အဆောက် အဦး ဆောက်လုပ်ဖို့ အာဏာပိုင် တွေဘက် ပြင်နေတာ ဖြစ်ပါတယ်။

ဒီ အားကစားကွင်း ပြန်ရရေး အတွက် ပြီးခဲ့တဲ့ နှစ်ကလည်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က တစ်ကိုယ်တော် ဆန္ဒပြခဲ့ သလို နိုင်ငံရေး အကျဉ်းသား ဟောင်းတွေနဲ့ ရပ်ကွက်နေ ပြည်သူတွေ စုပေါင်းပြီးလည်း ဆန္ဒဖော် ထုတ်ခဲ့ ဖူးပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ