လက်ပံတောင်း ကိစ္စ ဝမ်ပေါင် ကုမ္ပဏီ တုံ့ပြန်

  • 22 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် wanbao
Image caption ဒေသခံ အများစုက သဘောတူ ထားပြီ ဖြစ်လို့ ခြံစည်းရိုး ခတ်တာလို့ ဝမ်ပေါင် ကုမ္ပဏီ က မစ္စတာ ဒေါင်ယူဖိန်းက ပြော

တောင်သူ တဦး သေဆုံး ခဲ့ရမှု အပေါ် စိတ်မကောင်း ဖြစ် ရကြောင်းနဲ့ အခုလို ခြံစည်း ရိုးခတ် ဖို့ ကိစ္စဟာ လွန်ခဲ့တဲ့ တစ်နှစ်ကျော် ကတည်းက ဒေသခံ တွေ နဲ့ ညှိနှိုင်း ပြီးသား ဖြစ်တယ်လို့ ဝမ်ပေါင် ကုမ္ပဏီက ပြောကြား ပါတယ်။

ဝမ်ပေါင် ကုမ္ပဏီ ရန်ကုန်ရုံး မန်နေဂျာ ဖြစ်သူ မစ္စတာ ဒေါင်ယူဖိန်းက အခုလို ပြောကြား လိုက်တာ ဖြစ်ပြီး၊ မြေယာမဲ့ သွားတဲ့ သူတွေ အတွက် အလုပ် မပေး နိုင်ခင် ထောက်ပံ့ မှုတွေ လုပ်ဖို့ စီစဉ် ထားပြီ ဖြစ်တယ် လို့ ပြောပါတယ်။

ဒါကို ဒေသခံ အများစု က သဘောတူ လက်ခံထား ပြီ ဖြစ်လို့ အခုလို ခြံစည်းရိုး ခတ်တာကို စတင် ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း လက်မခံ တဲ့ လယ်သမား အနည်းငယ် အခုလို ကန့်ကွက် ခဲ့တာ လို့ ပြောပါတယ်။

အခု ကန့်ကွက် သူတွေဟာ မြေယာ လျော်ကြေး မယူ ထားဘူး ဆိုတာ ဖြစ်နိုင် ကြောင်းနဲ့၊ လျော်ကြေး ယူထား သူက ၆၀ ရာခိုင်နှုန်း ကျော် ရှိပြီး၊ မယူ သူက ၃၀ ရာခိုင်နှုန်း ကျော် ရှိတယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း မြေယာ ပိုင်ဆိုင်မှု ပတ်သက် လာရင် မြန်မာ နိုင်ငံ ဥပဒေ အရ အစိုးရက ပိုင်တာ ဖြစ်ပြီး၊ ဝမ်ပေါင် ကုမ္ပဏီ အနေနဲ့ ဒီမြေ တွေကို အစိုးရ ဆီက ငှား ထားတာ ဖြစ်တယ် လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ