လက်ပံတောင်းရေး စစ်ကိုင်းတိုင်း အစိုးရ စည်းဝေး

  • 25 ဒီဇင်ဘာ 2014
copper_myanmar
Image caption ဒေါ်ခင်ဝင်းရဲ့ ရုပ်အလောင်း ပြန်သယ်လာ

လက်ပံတောင်း ကြေးနီ စီမံကိန်း လတ်တလော ပဋိပက္ခတွေ ကို ကိုင်တွယ် ဖြေရှင်း ဖို့ စစ်ကိုင်းတိုင်း အစိုးရ မနေ့ က အစည်းအဝေး ခေါ်ခဲ့ပါတယ်။

ဒီ အစည်းအဝေး မှာ စီမံကိန်း သိမ်းဆည်း မြေတွေ ကို ဝမ်ဘောင် ကုမ္ပဏီ က ခြံစည်းရိုး ခတ်တာတွေ ကို လောလောဆယ် ဆက်လုပ် မှာ မဟုတ်ဘူး လို့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေး က ပြော ကြောင်း အစည်းအဝေး တက်ခဲ့တဲ့ ပုလဲ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က ပြောပါတယ်။

ဒါ့အပြင် ပဋိပက္ခ အတွင်း တနင်္လာနေ့ က သေဆုံး ခဲ့တဲ့ ဒေါ်ခင်ဝင်း အမှုကို စုံစမ်း စစ်ဆေးမယ်၊ တွေ့ ရှိချက်တွေ အတိုင်း တာဝန် ရှိသူတွေ အပေါ် အရေးယူ ဆောင်ရွက် မယ် ဆိုပြီး တိုင်း ဒေသကြီး အစိုးရ က ပြောတယ် လို့ ဒေါ်ခင်စန်းလှိုင်က ဆိုပါတယ်။

ဒေါ်ခင်ဝင်းရဲ့ ရုပ်အလောင်းကို ဒီနေ့ နေ့လယ် ၁၂ နာရီမှာ မိုးကြိုးပြင် အလယ်ရွာ သုသာန်မှာ ဂူသွင်း သင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ