သမ္မတ ဦး​သိန်း​စိန် ရခိုင်ပြည်နယ်​ကို သွား​ရောက်

  • 25 ဒီဇင်ဘာ 2014
thein_sein_ ဓာတ်ပုံ မူပိုင် AP
Image caption မတူတဲ့လူမျိုးစု ၂ ခု အကြား အခြေအနေ တည်ငြိမ်မှုကို ထိန်းသိမ်းဖို့ ဦးသိန်းစိန် ပြော။

သမ္မတ ဦးသိန်းစိန်ရဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့ ရခိုင်ပြည်နယ် ခရီးစဉ်မှာ ပြည်နယ် ဖွံ့ဖြိုးဖို့ဆို မတူတဲ့ မျိုးနွယ်စု ၂ ခု အကြား ပဋိပက္ခတွေ မဖြစ်ပေါ်စေပဲ တည်ငြိမ်မှုကို ထိန်းသိမ်းထားဖို့ လိုတယ် ဆိုပြီး ပြောပါတယ်။

မနေ့ ခရစ်မတ်စ်နေ့က ပြုလုပ်ခဲ့တဲ့ သမ္မတရဲ့ သံတွဲ၊ ကျောက်ဖြူနဲ့ ရမ်းဗြဲ ခရီးစဉ်မှာ ရခိုင်လူထုနဲ့ တွေ့ဆုံပြီး အခုလို ပြည်နယ် ဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းရေး အကြောင်း ပြောခဲ့တာပါ။

ရခိုင်မှာ ဗုဒ္ဒဘာသာနဲ့ မွတ်ဆလင်မ်တွေ အကြား လူမျိုးရေးနဲ့ ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပေါ်ခဲ့တဲ့ အတွက် ဒီ အရေးကို တည်ငြိမ်အောင် ထိန်းထားဖို့ အစိုးရ အပေါ်မှာ နိုင်ငံတကာရဲ့ ဖိအားတွေ ရှိနေပါတယ်။

ဒါ့အပြင် သိန်းနဲ့ချီပြီး ရှိနေကြတဲ့ မွတ်ဆလင်ဒုက္ခသည် အရေး ဖြေရှင်းဖို့လည်း အစိုးရ က လုပ်ဆောင်ရဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ