နိုင်ငံတကာက မြန်မာကို အကောင်းမြင်လွန်းနေ

  • 26 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption အနောက်နိုင်ငံတွေက အကောင်းမြင်လွန်းနေ

မြန်မာအဓိက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အရှိန်မြှင့်တင်နိုင်ရေး အတွက် ဆောင်ရွက်စရာတွေ အများကြီး ရှိသေးတယ်လို့ ဝေဖန်ပြောဆိုလိုက်ပါတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ပြုပြင်ပြောင်းလဲရေး အပေါ်မှာ စိတ်ဝင်စားမှုကုန်ဆုံးသွားတယ်လို့တော့ မထင်ပါဘူး။ သူတို့ဟာ ပြုပြင်ပြောင်းလဲရေးအပေါ်မှာ အကောင်းမြင်လွန်းနေကြတာလို့ ထင်ပါတယ်။ အဲဒါဟာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပြဿနာပါပဲ။

သူတို့က ဗမာ့နိုင်ငံရေး ဇာတ်လမ်းကို ပျော်စရာ ဇာတ်သိမ်းခန်းလေးနဲ့ အဆုံးသတ်ချင်နေကြတယ်။

ဒါပေမဲ့ ပျော်စရာဇာတ်သိမ်းခန်းနဲ့ အဆုံးသတ်ရမယ်လို့ ပြောရုံနဲ့ အဲသလို ဖြစ်မယ်လို့ ထင်နေကြတယ်။ တကယ့်အဖြစ်အပျက်က အဲသလို မဟုတ်ပါဘူးလို့ ဘီဘီစီနဲ့ တွေ့ဆုံ မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပါတယ်။

အခြေခံဥပဒေပြင်ဆင်ရေးကို တနိုင်ငံလုံးက လိုလားနေကြတယ်လို့လည်း သူက ထည့်သွင်းပြောဆိုသွားပါတယ်။

ဖွဲ့စည်းပုံဥပဒေကိုမှန်ကန်တဲ့ဖက်ရောက်အောင်အနှေးနဲ့အမြန်ပြုပြင်ပြောင်းလဲနိုင်မယ်လို့ယုံကြည်ကြောင်း၊ လူထုက လည်းအဲဒီဖွဲ့စည်းပုံကိုပြင်ဖို့ဆန္ဒပြင်းပြနေကြောင်းနဲ့ ဒီမိုကရေစီအစိုးရလို့ခေါ်နေတဲ့ အာဏာပိုင်တွေအပေါ် မှာလည်းလူထုရဲ့သြဇာလွှမ်းမိုးမှုရှိတယ်လို့ယုံကြည်ကြောင်းပြောသွားတာပါ။

ဒါပေမယ့် ဖွဲ့စည်းပုံဥပဒေကိုပြင်ဖို့အပါ အဝင် ပြုပြင်ပြောင်းလဲရေးတွေရှေ့ဆက်နိုင်ဖို့အတွက်သမ္မတဦးသိန်းစိန်ဖက်က ရိုးရိုးသားသားတွေ့ဆုံဆွေးနွေးချင် တဲ့ဆန္ဒရှိတယ်လို့ထင်လားဆိုပြီးမေးတာမှာတော့ လောလောဆယ်သမ္မတဖက်က ဒေါ်အောင်ဆန်းစုကြည်တို့ ဖြစ်စေချင်တဲ့ပုံစံမျိုးနဲ့တွေ့ဆုံဆွေးနွေးမှုကိုစိတ်ဝင်စားမှုသိပ်မပြပေမယ့် ဒီကိစ္စဒီမှာဘဲနိဂုံးချုပ်ပြီလို့ပြောလို့မရဘူးလို့ သူကဆိုပါတယ်။