၂ဝ၁၃ မြန်မာ့ရုပ်ရှင် အကယ်ဒမီ ဆုပေးပွဲ

  • 27 ဒီဇင်ဘာ 2014
academy
Image caption အကယ်ဒမီ ဆု (၆)ဆု ချီးမြှင့်ခဲ့

၂ဝ၁၃ ခုနှစ် အတွက် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ပေးပွဲ ကို ရန်ကုန်က Myanmar Events Park မှာ ကျင်းပ ခဲ့ပြီး အကယ်ဒမီ ဆု (၆)ဆု ချီးမြှင့် ခဲ့ ပါတယ်။

အမျိုးသား ဇာတ်ဆောင် ဆု- ပြေတီဦး (နင်စေရင်)၊ အမျိုးသမီး ဇာတ်ဆောင် ဆု- ဝတ်မှုံရွှေရည် (နင်စေရင်)၊ ဒါရိုက်တာ- ဝိုင်း (စေတန်ရဲ့ ကချေသည်)၊ အမျိုးသား ဇာတ်ပို့ ဆု - မင်းဦး (နင်စေရင်)၊ အမျိုးသမီး ဇာတ်ပို့ ဆု- ခိုင်သင်းကြည် (စုန်းပြူး)၊ ရုပ်ရှင် နောက်ခံ တေးဂီတ ဆု- စန္ဒယား တင်ဝင်းလှိုင် (ကြယ်စင် မော်ကွန်း) တို့ ရရှိ သွားပါတယ်။

ဒီနှစ် ဆုပေးပွဲ ဟာ ပြန်ကြားရေး ဝန်ကြီး ဌာန အောက်က ပထမဆုံး လွတ်လပ်စွာ ကျင်းပခွင့် ရရှိတဲ့ အကယ်ဒမီ ဆုပေးပွဲ လည်း ဖြစ်ပြီး ရုပ်ရှင် အစည်းအရုံးက လွတ်လပ်စွာ ရွေးချယ် ခဲ့ပါတယ်။

ပြေတီဦး အတွက် ၃ ကြိမ်မြောက် အကယ်ဒမီဆု ဖြစ်ပါတယ်။ ဒီနှစ်မှာ ဇာတ်ကားဆု ၊ ဓာတ်ပုံဆု၊ တည်းဖြတ်ဆု စတဲ့ ဆုတွေ ချီးမြှင့် နိုင်ခဲ့ခြင်း မရှိပါဘူး။

၁၉၅၂ ခုနှစ်က စတင် ချီးမြှင့် ခဲ့တဲ့ မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု သက်တမ်း နှစ် ၆ဝ ကျော် ရှိခဲ့ပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ