လက်ပန်းတောင်းကိစ္စ မန္တလေးမှာ ဆန္ဒပြ

  • 27 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် AP

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခ အတွင်းမှာ သေဆုံးသွားတဲ့ ဒေါ်ခင်ဝင်း ကိစ္စနဲ့ ပက်သက်ပြီး မန္တလေးမြို့မှာ ရဟန်းရှင်လူတွေ ဆန္ဒပြခဲ့ကြပါတယ်။

သံဃာတော်နဲ့ လူပုဂ္ဂိုလ် ရာကျော်အင်အားဟာ မင်္ဂလာစျေးကနေ တရုတ် ကောင်စစ်ဝန်ရုံး ဆီကို ချီတက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ၆၅ လမ်း အဝင်မှာ အာဏာပိုင်တွေက တားဆီးတာတွေ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ကောင်စစ်ဝန်ရုံးဆီကို သွားခွင့် ရခဲ့တယ်လို့ သိရပါတယ်။

ဆန္ဒပြသူတွေဟာ သံရုံးကို တောင်းဆိုချက်တွေ ပေးအပ်ဖို့ စီစဉ်ခဲ့ပေမယ့် သံရုံးက ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက် စာရွက်တွေကို လက်ခံရယူခြင်း မရှိခဲ့ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ