ငါးပိ ငါးခြောက် စာသုံးမှု အန္တရာယ် ကင်းရေး ငါးလုပ်ငန်း အဖွဲ့ချုပ် ဆောင်ရွက်မယ်

  • 29 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် others
Image caption မြန်မာ နိုင်ငံက ငါးပိ ငါးခြောက် တွေမှာ ဓာတု ဆေးဝါး ပါဝင်မှု အန္တရာယ်က ခန့်မှန်း ဖို့ခက်

မြန်မာ နိုင်ငံက ငါးပိ ငါးခြောက် စာသုံး ရာမှာ အန္တရာယ် ကင်း စိတ်ချ ရဖို့ အတွက် မြန်မာ နိုင်ငံ ငါး လုပ်ငန်း အဖွဲ့ချုပ် ကနေ ငါးပိ ငါးခြောက် ထုတ်လုပ် မှုတွေကို စစ်ဆေး ကာ ထောက်ခံ ချက်တွေ ထုတ်ပေး သွား မယ်လို့ ပြောပါတယ်။

ဒါပေမယ့် ငါးပိ ငါးခြောက် ငံပြာရည် အသင်း ကိုတော့ ဝင်ရမှာ ဖြစ်ပြီး၊ အဲဒီလို အသင်းဝင် တွေရဲ့ ထုတ်လုပ်မှု တွေကို စိစစ်ကာ အန္တရာယ် ကင်း စိတ်ချ ရတဲ့ အခါ လက်မှတ် ထုတ်ပေးမှာ ဖြစ်တယ်လို့ ငါးလုပ်ငန်း အဖွဲ့ချုပ် အကြီးတန်း ဒုတိယ ဥက္ကဌ ဖြစ်သူ ဦးနှင်းဦး က ဘီဘီစီကို ပြောပါတယ်။

အသင်းဝင် ငါးပိ ငါးခြောက် ထုတ်လုပ် သူတွေ အနေနဲ့ စိစစ်ဖို့ အတွက် တမျိုး ထုတ်ပြီး၊ ရောင်းချဖို့ အတွက် ဖြစ်သလို အရည် အသွေး မမီတာ မျိုး ထုတ်လုပ် လို့မရ အောင်လည်း ကော်မတီ ဖွဲ့ပြီး ဆောင်ရွက် မှာလို့ သူက ပြောပါတယ်။

မြန်မာ နိုင်ငံက ငါးပိ ငါးခြောက် တွေမှာ ဓာတု ဆိုးဆေး တွေနဲ့ ဆေးဝါးတွေ ပါဝင်မှု အန္တရာယ်က ဘယ်လောက် အထိ ကြီးမား သလဲ ဆိုတာ ခန့်မှန်း လို့တောင် မရနိုင်တဲ့ အခြေ အနေ ဖြစ်တယ် လို့လည်း ဦးနှင်းဦးက ပြောပါတယ်။

ဒီအတွက် သူတို့ အနေနဲ့ တတ်နိုင် သလောက် ပုဂ္ဂလိက ပိုင် အနေနဲ့ တပိုင် တနိုင် စစ်ဆေး ထောက်ခံ တာတွေ လုပ်ပေးမှာ ဖြစ်တယ် လို့လည်း ပြောပါတယ်။

သူတို့ အသင်းကို ဝင်ဖို့ ငွေကြေး အနည်းငယ်သာ အဖွဲ့ဝင် ကြေး ပေးရမှာ ဖြစ်ပြီး၊ ငွေ ကြေး မတတ်ရင် နိုင်တောင်မှာ လုပ်ငန်း ရှိရင် တတ်နိုင် သလောက် အကူ အညီ ပေးမှာ ဖြစ်တယ် လို့ ပြောပါတယ်။

ငါးပိ ငါးခြောက် တွေကို နိုင်ငံခြား တင်ပို့ နိုင်ဖို့ အတွက်လည်း နိုင်ငံ တကာ သတ်မှတ်တဲ့ လက်မှတ် ရရှိ အောင် ဆောင်ရွက် ပေးမယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ