စစ်​အစိုးရ အဆက်ဆက် ကျူးလွန်​ခဲ့​တဲ့ လူ့​အခွင့်​အရေး ချိုး​ဖောက်​မှု​တွေ​ကို ဖော်​ထုတ်​မယ်

  • 29 ဒီဇင်ဘာ 2014
burma_military_ ဓာတ်ပုံ မူပိုင် AP
Image caption လူ့အခွင့်အရေး ချိုးဖောက်မှုဟာ ရာဇဝတ်မှု ဖြစ်လို့ ကျူးလွန်ခဲ့သူတွေက တာဝန်ယူ ဝန်ချ ရမယ်လို့ ဦးဒေးဗစ်လှမြင့်က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ်ကနေ နောက်ပိုင်း စစ်အစိုးရ အဆက်ဆက် လက်ထက် အာဏာပိုင် တွေ ကျူးလွန်ခဲ့တဲ့ လူ့အခွင့် အရေး ချိုးဖောက်မှုတွေကို ဖော်ထုတ်ဖို့ရာ ကော်မတီ တစ်ရပ်ကို လာမယ့် ဇန်နဝါရီ လထဲမှာ ဖွဲ့စည်းမယ် ဆိုပြီး၊ ၉၀ ရွေးကောက်ခံ အမတ်တွေနဲ့ ၂၀၀၇ ရွှေဝါရောင် လှုပ်ရှားမှု သံဃာတွေ အပါအဝင် နိုင်ငံရေး အင်အားစု တွေက က စုပေါင်း ကြေညာပါတယ်။

အခုလို လွှတ်တော်ပြင်ပ နိုင်ငံရေး အင်အားစုတွေ စုပေါင်းပြီး ရပ်ကွက် ကျေးရွာတွေ အထိ ကော်မတီတွေ အဆင့်ဆင့် ဖွဲ့စည်းခြင်းမျိုး နဲ့ လူ့အခွင့်အရေး ဆိုင်ရာ ကျူးလွန် ခံခဲ့ရတဲ့ ဖြစ်ရပ်တွေ ကို မှတ်တမ်း တင်ကာ ပြည်သူတွေ ကို ချပြမယ့် အပြင် နိုင်ငံတကာ အဖွဲ့အစည်းတွေ ကိုလည်း အသိပေး သွားမယ် ဆိုပြီး ၉၀ ရွေးကောက်ခံ အမတ်အဖွဲ့ ရဲ့ အတွင်းရေးမှုး ဦးဒေးဗစ်လှမြင့် က ဆိုပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် ဟာ လူ့အခွင့်အရေး ချိုးဖောက် ခံရမှုတွေ ကို အမှန်တကယ် ဖြေရှင်း ပေးနိုင်ခြင်း မရှိပဲ ထိရောက်မှု မရှိတဲ့ အဖွဲ့အစည်း တစ်ရပ် ဖြစ်တယ် ဆိုပြီးတော့ လည်း ဦးဒေးဗစ်လှမြင့် က ဝေဖန် ပါတယ်။

အခုလို စစ်အစိုးရ အဆက်ဆက် ကျူးလွန် မှုတွေကို ဖော်ထုတ်ခြင်း ဟာ ရာဇဝတ်မှု ကျုးလွန်ခဲ့ သူတွေ ဘက်က တာဝန်ယူ ဝန်ချ တောင်းပန် လာဖို့ ရည်ရွယ်တာ ဖြစ်ပြီး လက်စားချေရေး အတွက် မရည်ရွယ်ဘူး လို့ ဦးဒေးဗစ်လှမြင့် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ