အလုပ်ချိန် ၈ နာရီ လုပ်​ခ ကျပ် ၅​၀⁠၀​၀ ရ​ဖို့ အလုပ်သမားတွေ အကြံ​ပြု

  • 29 ဒီဇင်ဘာ 2014
master_sport_workers ဓာတ်ပုံ မူပိုင် AP
Image caption အနိမ့်ဆုံး လုပ်စာ ပြဌာန်းရမယ် ဆိုတဲ့ ဥပဒေကို အကောင်အထည် ဖော်မယ့် နည်းဥပဒေ ထွက်ဖို့ ၁ နှစ်ကျော် ကြန့်ကြာနေ။

မြန်မာနိုင်ငံမှာ ပုဂ္ဂလိက စက်ရုံ အလုပ်သမားတွေ အတွက် အနိမ့်ဆုံး လုပ်ခ သတ်မှတ် နိုင်ဖို့ အလုပ်သမား ဝန်ကြီးဌာန ကနေ အလုပ်သမား သမဂ္ဂ အဖွဲ့ အစည်းတွေ ဆီက အကြံပြု ချက် တွေ တောင်းခံ နေပါတယ်။

မြန်မာ နိုင်ငံ အလုပ်သမား သမဂ္ဂ အဖွဲ့ချူပ် MTUF ကတော့ တနေ့ အလုပ်ချိန် ၈ နာရီမှာ အနိမ့်ဆုံး ကျပ် ၅၀၀၀ အပြင် လုပ်သက်ကြေး၊ နှစ်တိုးကြေးတွေ ထပ်ပေါင်းပြီး ရရှိနိုင်ဖို့ တောင်းဆိုမှာ ဖြစ်တဲ့ အကြောင်း MTUF ရဲ့ ဥက္ကဌ ဦးအောင်လင်း က ပြောပါတယ်။

လုပ်ငန်း အမျိုးအစား နဲ့ ကုန်ကျစားရိတ် အမျိုးမျိုး ကွာခြား နေတဲ့ ပုဂ္ဂလိက စက်ရုံ အလုပ်ရုံ တွေမှာ တပြေးညီ အနိမ့်ဆုံး လုပ်ခ သတ်မှတ် နိုင်ဖို့ အတွက် လုပ်ငန်းရှင်တွေ နဲ့ အလုပ်သမား အဖွဲ့တွေ အကြား အတော် ညှိနှိုင်း ယူရမှာ ဖြစ်ကြောင်း လည်း ဦးအောင်လင်း က ပြောပါတယ်။

လက်ရှိ အထည်ချူပ် စက်ရုံလို ပုဂ္ဂလိက စက်ရုံတွေ က ပေးနေတဲ့ အနိမ့်ဆုံး လစာဟာ ၂ သောင်း အောက်မှာ ရှိနေပြီး၊ ခွင့်မယူပဲ အလုပ်ဆင်းမှ ရက်မှန်ကြေး ၂ သောင်း၊ အပိုဆု ၂ သောင်း ဆိုပြီး ပိုင်းခြား ပေးနေ ကြတာကို ပြင်ဆင်ဖို့ အရေးကြီးဆုံး လိုအပ်တယ် ဆိုပြီး ဦးအောင်လင်း က ဘီဘီစီ ကို ပြောပါတယ်။

အခုလို အနိမ့်ဆုံး အခကြေးငွေ သတ်မှတ် ရမယ် ဆိုတဲ့ ဥပဒေကို ၂၀၁၃ မတ်လ ကတည်းက ပြဌာန်း ထားခဲ့ပေမယ့် အခုထက်ထိ အနိမ့်ဆုံး လုပ်ခလစာ ကို အတည်မပြု နိုင် ဖြစ်နေ ကြတာပါ။ ဒီဥပဒေဟာ နိုင်ငံ့ ဝန်ထမ်း တွေနဲ့ မသက်ဆိုင် စေရဘူး လို့လည်း ဥပဒေ မှာ ဖော်ပြ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ