ဦးထင်လင်းဦး အတွက် အာမခံ တတိယ အကြိမ် ပယ်ချခံရ

  • 31 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် Htin Lin Oo fb
Image caption ဇန်နဝါရီ ၈ ရက် နေ့မှာ နောက်ထပ် ရုံးချိန်း ရှိ

ဘာသာ သာသနာကို စော်ကားမှု၊ အကြည်ညို ပျက်အောင် ကြံရွယ် ပြောဆိုမှု စတဲ့ စွပ်စွဲ ချက်နဲ့ စာရေး ဆရာ ထင်လင်းဦးကို တရား စွဲဆို ထားရာမှာ တရားလို ပြ သက်သေ အဖြစ် ချောင်းဦး မြို့နယ် သုံးပန်လှ ကျေးရွာ အုပ်ချုပ်ရေး မှူးကို ချောင်းဦး ခရိုင် တရား ရုံးမှာ ဗုဒ္ဓဟူး နေ့က စစ်ဆေးခဲ့ ပါတယ်။

သက်သေ ထွက်ရာမှာ ဦးထင်လင်းဦးရဲ့ တနာရီကျော် ကြာ ဟောပြောချက် တွေထဲက စာ ကြောင်း ၅ ကြောင်း လောက်ကိုသာ ရွေးထုတ်ပြီး ထွက်ဆို သွားတာ လို့ ဦးထင်လင်းဦးရဲ့ ရှေ့နေ ဦးသိန်းသန်းဦး က ပြောပါတယ်။

ဦးထင်လင်ဦးဟာ အဲဒီ စာပေ ဟောပြောပွဲမှာ နိုင်ငံရေး အဓိကထားပြီး ပြင်းပြင်း ထန်ထန် ပြောကြားသွား ခဲ့တာသာ ဖြစ်ပြီး၊ သံဃာတော် အစစ်တွေကို ရည်ညွှန်း ပြော ဆိုခဲ့တာ မရှိဘူး လို့လည်း သူက ဆိုပါတယ်။

ဦးထင်လင်းဦး အတွက် တတိယ အကြိမ် အာမခံ လျှောက်ထား တာကိုလည်း တရား ရုံးက ပယ်ချ လိုက်ပါတယ်။

ဇန်နဝါရီ ၈ ရက် နေ့မှာ နောက်ထပ် ရုံးချိန်း ရှိပြီး၊ ဗုဒ္ဓဟူးနေ့ ကြားနာ စစ်ဆေးတဲ့ တရားခွင် ကိုလည်း အမျိုး ဘာသာ သာသနာ ထိမ်းသိမ်း စောင့်ရှောက်ရေး အဖွဲ့က သံဃာတွေ လာ ရောက်ပြီး ကြွေးကြော် အော်ဟစ် ခဲ့တာတွေ ရှိတယ်လို့ ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ