ဆည်တည်းရွာ မြောက်ဖက်ကို တရုတ် ဝန်ထမ်းတွေ ရောက်လာ

  • 31 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် no credit
Image caption ရွာသားတွေ ကဆက်ပြီး ဆန္ဒပြနေ

ခြံစည်းရိုးတွေ ဖျက်ထားတဲ့ ဆည်တည်းရွာ မြောက်ဖက် ကို တရုတ် ကုမ္ပဏီ ဝန်ထမ်းတွေ နဲ့ မြေတူးစက်တွေ ရောက်လာတယ် လို့ အဲဒီ နေရာမှာ စခန်းချပြီး ဆန္ဒပြ နေတဲ့ ရွာသား တွေက ပြောပါတယ်။

မြေကော်စက် နှစ်စီးနဲ့ ဘူဒိုဇာ မြေညှိစက် နှစ်စီး တို့နဲ့အတူ တရုတ် ဝန်ထမ်း ၅၀ လောက် ရောက်ရှိလာ တယ်လို့ သပိတ် စခန်းမှာ ရှိနေတဲ့ ကျေးရွာသူ တဦးက ဘီဘီစီကို ပြောပြပါတယ်။

တကယ်လို့ ခြံစည်းရိုး ခတ်ဖို့ ကြိုးစားမယ် ဆိုရင် ရွာသား တွေဖက်က ခြံစည်းရိုး နေရာတွေမှာ ဝင်ထိုင်ပြီး တားဆီးဖို့ အစီအစဉ် ရှိတယ်လို့လည်း သူက ဆိုပါတယ်။

အခုလို ဆန္ဒပြ ရွာသား တွေနဲ့ ရဲတွေကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်နေတာကို ကြားဝင် ဖြေရှင်းပေးဖို့ ကြိုးပမ်းတာ ရှိပေမယ့် မအောင်မြင် ပါဘူး။

၂၀ ၁၂ နိုဝင်ဘာလ တုန်းက လက်ပန်းတောင်းတောင် သပိတ်စခန်း ကို ရဲက ဖြိုခွဲ စဉ်မှာ မီးလောင် ဒဏ်ရာ ရခဲ့တဲ့ ဦးပဇင်း ဦးတိက္ခဉာဏ က စစ်ကိုင်းတိုင်း သတ္တုတွင်း ဝန်ကြီးနဲ့ မနေ့က သွားရောက် တွေ့ဆုံ ပြီး အခြေ အနေကို ညှိနှိုင်း နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ရွာသားတွေ သပိတ် စခန်းချထား တဲ့နေရာမှာ နောက်တကြိမ် ချိန်းတဲ့ အခါ သူကမလာ ရောက်ခဲ့ ဘူးလို့ ဦးတိက္ခဉာဏက ဆိုပါတယ်။

လက်ပန်းတောင်း ဒေသမှာ အခုလို ပြဿနာ တွေဆက်ဖြစ်တာဟာ လက်ပန်းတောင်းတောင်စီမံကိန်း စုံစမ်း စစ်ဆေးရေး အစီရင်ခံစာ အတိုင်း လိုက်နာ ဆောင်ရွက် ခြင်းမရှိတာ ကြောင့် ဖြစ်တယ်လို့ အဲဒီကော်မရှင် ရဲ့ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကပြောခဲ့ပါတယ်။

ဒါနဲ့ ပတ်သက်လို့ အစီရင်ခံစာ အကောင်အထည် ဖော်ရေး ကော်မီတီ တာဝန်ခံတွေကို ဘီဘီစီက ကြိုးစား ဆက်သွယ်ခဲ့ပေမယ့် လက်ခံ ဖြေကြားမယ့်သူ မရှိပါဘူး။