ရန်ကုန် မြူ​နီ​စ​ပယ် ရွေး​ကောက်​ပွဲ​ကို လေ့​လာ​သူ​တွေ ဝေဖန်

  • 31 ဒီဇင်ဘာ 2014
_municiple_election_
Image caption မြို့တော်စည်ပင် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက် အရ မဲပေးပိုင်ခွင့် ရှိသူ ၂၅% ကျော် မဲပေးခဲ့ ကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ကျင်းပခဲ့ပြီး အရှုံးအနိုင် ရလာဒ်များလည်း ကြေညာ ထားပြီးတဲ့ မြို့တော် စည်ပင် ရွေးကောက်ပွဲ တွေမှာ ချို့ယွင်းချက် များစွာ ရှိတယ် ဆိုပြီး အဲဒီ မြူနီစပယ် ရွေးကောက်ပွဲ တွေကို သီးခြား လွတ်လပ်စွာ စောင့်ကြည့် လေ့လာ ခဲ့တဲ့ နယူး မြန်မာ ဖောင်ဒေးရှင်း က ဝေဖန် လိုက်ပါတယ်။

မြို့နယ်စည်ပင် ရွေးကောက်ပွဲ နည်းဥပဒေ တွေမှာ အားနည်း ချက်တွေ ရှိတဲ့ အတွက် မဲရုံအတွင်း မဲဆွယ်မှု တွေ ပြုလုပ်တာမျိုး၊ ဘယ်သူ့ကို မဲပေးဆိုပြီး ဆန္ဒမဲလွှာ တွေပေါ် လက်နဲ့ ထောက်ပြ ညွှန်ပြ တာမျိုးတွေ ပြုလုပ်မှု ရှိခဲ့တယ် ဆိုပြီး နယူး မြန်မာ ဖောင်ဒေးရှင်း အဖွဲ့ရဲ့ စီမံကိန်း မန်နေဂျာ ဦးသန့်ဇင်အောင် က ပြောပါတယ်။

နယူး မြန်မာ ဖောင်ဒေးရှင်း က ဝေဖန်တဲ့ အချက်တွေ ထဲမှာ မဲပေးပိုင်ခွင့် ရှိသူ စာရင်း မမှန်ကန်မှု နဲ့ ကျန်ရစ်သူတွေ ရှိတယ် ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။ သူတို့ရဲ့ တွေ့ရှိ ချက်တွေကို သက်ဆိုင်ရာ အာဏာပိုင် တွေထံ အကြံပြု တင်ပြ သွားမယ်လို့ ဆိုပါတယ်။

မြူနီစပယ် လို့ ခေါ်တဲ့ မြို့တော် စည်ပင်သာယာရေး ကိစ္စတွေ ကို တာဝန်ယူ ဆောင်ရွက်ရတဲ့ အဖွဲ့အစည်း ရဲ့ အဖွဲ့ဝင် နေရာ တွေကို မြို့နေ လူထုက နှစ်သက်ရာ ကိုယ်စားလှယ်တွေ ကို မဲပေး ရွေးချယ်ရတဲ့ ရွေးကောက်ပွဲ တွေကို နှစ်ပေါင်း ၆၀ နီးပါး အတွင်း မြန်မာ နိုင်ငံမှာ ပထမ ဦးဆုံး အကြိမ် အဖြစ် ပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲ ကော်မရှင် ရဲ့ တရားဝင် ထုတ်ပြန်ချက် အရ မဲပေးပိုင်ခွင့် ရှိသူတွေ ရဲ့ ၂၅ % ကျော်ပဲ လာရောက် မဲပေးခဲ့တယ် လို့ ဆိုပြီး နယူး မြန်မာ ဖောင်ဒေးရှင်း အဖွဲ့ ကတော့ ၁၈% ပဲ လာရောက် မဲပေး ခဲ့တယ် လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ