ဗိုလ်​ရှု့​ခံ​ပွဲ တက်​ဖို့ တိုင်း​ရင်း​သား လက်နက်ကိုင်​တွေ ဆွေးနွေး​ဆဲ

  • 1 ဇန်နဝါရီ 2015
_independence_day_parade_
Image caption လွတ်လပ်ရေးနေ့ ဗိုလ်ရှု့ခံပွဲ တက်ဖို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ဖိတ်ကြားထား။

ဇန်နဝါရီ ၄ ရက် နေပြည်တော် ဗိုလ်ရှုခံ သဘင်ကို တက်ရောက် ဖို့ သမ္မတ ရဲ့ ဖိတ်ကြားချက် အပေါ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အကြား လက်ခံ မခံ ဆွေးနွေး နေကြဆဲ ဖြစ်တယ် ဆိုပြီး ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ PNLO ရဲ့ ခေါင်းဆောင် ဗိုလ်မှုးကြီး ခွန်ဥက္ကာ က ပြောပါတယ်။

သမ္မတ ဦးသိန်းစိန် ဖိတ်ကြား ထားတဲ့ လက်နက်ကိုင် အဖွဲ့တွေ ထဲမှာ ပြည်ထောင်စု အဆင့်နဲ့ ပြည်နယ် အဆင့် အပစ်ရပ် လက်မှတ်ထိုး ထားတဲ့ အဖွဲ့ တွေ နဲ့အတူ အပစ်ရပ် သဘောတူ မှု မရှိသေးတဲ့ ကချင် အဖွဲ့ ကေအိုင်အေ နဲ့ ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး PSLF တို့ ပါဝင်တယ် လို့ ဗိုလ်မှုးကြီး ခွန်ဥက္ကာ က ဆိုပါတယ်။

ဗိုလ်ရှုခံ အပြီး နောက်တစ်ရက် မှာ တိုင်းရင်းသား ခေါင်းဆောင်တွေ နဲ့ သမ္မတ တွေ့ဆုံမယ့် အစီအစဉ် ရှိတာကြောင့် နိုင်ငံရေး အရ အရေးပါ အကျိုး ရှိနိုင်တဲ့ ပွဲ ဖြစ်တယ် ဆိုပြီးတော့ ဗိုလ်မှုးကြီး ခွန်ဥက္ကာ က သုံးသပ် ပါတယ်။

လာမယ့် ၆၇ ကြိမ်မြောက် လွတ်လပ်ရေး အခမ်းအနား မှာ လက်ရှိ ဦးသိန်းစိန် အစိုးရဟာ ဗိုလ်ရှုခံ အခမ်းအနား ဆိုပြီး စစ်ရေးပြ ချီတက်ပွဲ ကျင်းပဖို့ စီစဉ် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ