လက်ပံတောင်း ပဋိပက္ခ လူ့အခွင့်အရေး ကော်မရှင် စစ်ဆေး

  • 1 ဇန်နဝါရီ 2015
လက်ပံတောင်းမှာ တောင်သူတွေဆန္ဒပြ ဓာတ်ပုံ မူပိုင် AP
Image caption လက်ပံတောင်းမှာ တောင်သူတွေဆန္ဒပြ

ပြီးခဲ့တဲ့ဒီဇင်ဘာလ၂၂ရက်နေ့က လက်ပန်းတောင်း တောင်စီမံကိန်း ဧရိယာခြံစည်းရိုး ခတ်စဉ်မှာ လူသေဆုံးခဲ့ရတဲ့အထိ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံ တွေကြား ဖြစ်ပေါ် ခဲ့ရတဲ့ပဋိပက္ခ ကို မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က စစ်ဆေးနေပြီ ဖြစ်ပါတယ်။ အဖွဲ့ဝင် ၃ဦး ပါတဲ့ မြန်မာနိုင်ငံ လူ့အခွင့်ရေး ကော်မရှင်က တာဝန်ရှိသူတွေ ဆာလင်းကြီးမြို့နယ်ကို ရောက်နေပါ တယ်။

ကော်မရှင် အနေနဲ့ဆားလင်း ကြီးမြို့နယ် မိုးကြိုးပြင်ရွာအနီး လိပ်ခွံတောင် အနီး မှာလက်ပံတောင်း တောင်စီမံကိန်း ဧရိယာ ခြံစည်းရိုးခတ်စဉ်မှာ သေနတ်ပစ်ခံရ ပြီး သေဆုံးခဲ့တဲ့ မိုးကြိုးပြင် အလယ်ရွာ ကတောင်သူဒေါ် ခင်ဝင်း သေဆုံးမှူ နဲ့ပတ်သတ် ပြီးစုံစမ်းမှူတွေ ကိုဇန္နဝါရီလ တရက်နေ့က စပြီးလုပ် မှာ ဖြစ်ပါ တယ် ။

မြန်မာနိုင်ငံ လူ့အခွင့်ရေး ကော်မရှင် ကစုံစမ်းရေးအဖွဲ့ ဝင်တွေဟာ ဒေါ် ခင်ဝင်းနေထိုင် ခဲ့ တဲ့မိုး ကြိုးပြင် အလယ်ရွာက ရွာသူ ရွာသား ၆ဦး ကိုဆားလင်းကြီးမြို့နယ် က ချည်မျှင်အထည်စက် ရုံမှာ စစ်ဆေးမှာဖြစ်ပါတယ်။

ဒေါ်ခင်ဝင်းသေဆုံးမှု ကို ဆားလင်းကြီးရဲစခန်း မှာ သေမှုသေခင်းအရ အမှုဖွင့် ထားပြီးတော့ ရဲ ဘက်ကစုံစမ်းစစ်ဆေးမှုတွေ လုပ်နေတဲ့အပြင် ဖြစ်စဉ်မှာ ဆန္ဒပြသူတွေရဲ့ လုပ်ဆောင်ချက်တွေ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြန်လည်ကိုင်တွယ် ဆောင်ရွက်မှုတွေကို စိစစ်ဖို့ရှိတယ် လို့လည်း အစိုးရ ဘက်ကပြောထားပါတယ်။ ဒီစီ ရင်ခံ စာ ကိုအများပြည် သူသိအောင်ထုတ် ပြန် သွားမယ် လို့လည်း သိရပါ တယ်။

ဒေါ်ခင်ဝင်း သေဆုံးမှူ ဖြစ်ပြီး တဲ့နောက်ပိုင်းမှာ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ဆန္ဒပြ တောင်းဆိုမှုတွေရှိခဲ့သလို ရန်ကုန်တရုတ် သံရုံးအနီး လုံခြုံရေးစည်းကို ဖြတ်ကျော် ပြီး ဆန္နပြဖို့ကြိုးစားထဲ့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေ ကို ပြီးခဲ့တဲ့ရက်ပိုင်းကရဲ ကဖမ်းဆီးထားပါတယ်။ ရန်ကုန်နဲ့ မန္တလေး နဲ့လက်ပံတောင်း ဘက်မှာ ဒီကနေ့ဆန္ဒပြ တောင်းဆိုတာတွေ ရှိခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ