လူကုန်ကူးမှု တားဆီးရေး ဥပဒေ ပြင်မယ်

  • 2 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption အိမ်နီးချင်း နိုင်ငံတွေဆီ လူကုန်ကူးမှုတွေ ရှိနေဆဲ

၂၀၀၅ ခုနှစ် လူကုန် ကူးမှု တားဆီးရေး ဥပဒေမှာ အဓိပ္ပါယ် ဖွင့်ဆို ချက်၊ လုပ်ငန်း ဆောင်ရွက် ချက်၊ လူကုန်ကူး ခံရသူ တွေပြန်လည် ပေါင်းစည်းရေး၊ ရန်ပုံငွေ နဲ့ ပြစ်ဒဏ် အပိုင်း တွေမှာ ပြုပြင်စရာ တွေ ရှိနေ တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လူကုန်ကူးမှု တားဆီး နှိမ်နှင်းရေး တပ်ဖွဲ့မှူး၊ ရဲမှူးချုပ် ၀င်းနိုင်ထွန်း ကဘီဘီစီ ကို ပြောပါတယ်။

လူကုန်ကူး ခံရ သူတွေကို အကာကွယ် ပေးဖို့အတွက် ရန်ပုံငွေ ထူထောင်မယ့် အပိုင်းမှာ အစိုးရ ဘတ်ဂျက် ကနေ တောင်းခံတဲ့ အပိုင်း နဲ့ အခြား လှူဒါန်းသူတွေ ဆီက ရရှိတဲ့ငွေ တွေနဲ့ သက်ဆိုင်တဲ့ အပိုင်း တွေကို အသေးစိတ် ပြန်လည် ရေးဆွဲဖို့ ရှိတယ်လို့သူက ဆိုပါတယ်။

ပြစ်ဒဏ်အပိုင်း မှာလည်း လူကုန်ကူးသူ တွေကို အပြစ် ပေးတာနဲ့ ပတ်သက်ပြီး အခြား နိုင်ငံတွေမှာလည်း ပြန်လည် သုံးသပ်တာ တွေ ရှိ သလို မြန်မာ နိုင်ငံမှာလည်း ပြန်သုံးသပ် ကြမှာ ဖြစ်တယ်လို့ ရဲမှူးချုပ် ဝင်းနိုင်ထွန်း ကပြော ပါတယ်။

၂၀၀၅ ခုနှစ် နောက်ပိုင်းမှာ လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေတွေကို ပြဌာန်း ခဲ့ကြတဲ့ နိုင်ငံတွေ အနေနဲ့ သက်ဆိုင်သူ တွေ ပိုပြီး ပါဝင်နိုင်အောင် ဥပဒေကို ပြင်ဆင်ဖို့ အတွက် ပြန်လည်သုံး သပ်နေကြ တယ်လို့လည်း သူက ရှင်းပြ ပါတယ်။

လူကုန် ကူးမှုတိုက်ဖျက် ရာမှာ နှုတ်သက်သေ၊ လူသက်သေ တွေဟာအဓိက ကျတဲ့အတွက် ပြင်ဆင်ရေးဆွဲ တဲ့အပိုင်းမှာ လူကုန်ကူးခံရ သူတွေကို အကာကွယ် ပေးမယ့်အပိုင်း တွေကိုလည်း ပြန်သုံးသပ်ဖို့ ရှိတယ်လို့ ရဲမှူးချုပ် ဝင်းနိုင်ထွန်းက ဘီဘီစီကို ပြောခဲ့ပါတယ်။