ကျောက်တံ​တား ရဲ​စခန်း​က ဖမ်း​ဝရမ်း မ​ရှိ​ပဲ ဖမ်းဆီး​ခဲ့

  • 2 ဇန်နဝါရီ 2015
city_hall_bbc_yangon_
Image caption မတရား ဖမ်းဆီးမှု အတွက် ကျောက်တံတားရဲကို ပြန်တရားစွဲဖို့ ရှိကြောင်း ကိုဝေဠု ရဲ့ ရှေ့နေက ပြောပါတယ်။

မိကျောင်းကန် သပိတ်စခန်း က မြေသိမ်းခံ ဆန္ဒပြ ပြည်သူ တွေကို ကူညီခဲ့တဲ့ အတွက် ၂၀၁၄ ဒီဇင်ဘာ ၁၈ ရက် နေ့က အဖမ်း ခံခဲ့ရတဲ့ ကိုဝေဠု ကို ၂၀၁၅ ဇန်နဝါရီ ၂ ရက်နေ့ တုန်းက ကျောက်တံတား မြို့နယ် တရားရုံး မှာ ရုံးထုတ် ခဲ့ပါ တယ်။

သူ့ကို အစိုးရ ကို အကြည်ညို ပျက်စေမှု ၅၀၅ (ခ) နဲ့ ပုဒ်မ တပ် စွဲဆို ထားတာ ဖြစ်ပါတယ်။

တရားရုံးရဲ့ ဖမ်းဝရမ်း မပါပဲ ကျောက်တံတား ရဲ စခန်းက ဖမ်းစီး ခဲ့တဲ့ အပြုအမူ အပေါ် တရားခွင် မှာ မေးခွန်း ထုတ်ခဲ့တယ် ဆိုပြီး ကိုဝေဠု အတွက် အမှုလိုက် ပေးနေ တဲ့ တရား လွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင် က ဘီဘီစီ ကို ပြောပါတယ်။

ဒါ့အပြင် ကိုဝေဠု ဘက်ကလည်း ကျောက်တံတား မြို့နယ် ရဲစခန်မှုး ကို မတရား ဖမ်းဆီး ချူပ်နှောင်မှု နဲ့ ပြန်လည် တရားစွဲ ဖို့ စီစဉ် နေတယ် လို့ ရှေ့နေ ဦးရောဘတ်စန်းအောင် က ဆိုပါတယ်။

မြေသိမ်းခံ မိကျောင်းကန် ရပ်ကွက်သူ ရပ်ကွက်သား တွေရဲ့ မြို့တော် ခန်းမရှေ့ သပိတ်စခန်း ကိုလည်း အာဏာပိုင် တွေက ဖျက်သိမ်းခဲ့ပြီး အခုဆိုရင် သပိတ်စခန်း ဖွင့်ခဲ့သူ တွေလည်း တရားစွဲဆို ခံထား ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ