ဗိုလ်ရှုခံ အခမ်းအနား ကေအိုင်အို မတက်

  • 3 ဇန်နဝါရီ 2015
kia
Image caption ကေအိုင်အေ ဗိုလ်သင်တန်းကျောင်း ပစ်ခတ်မှု အစိုးရ ဖြေကြားမှု မရှိ

၁၉၆၂ နောက်ပိုင်း ပြန် ကျင်းပမယ့် လွတ်လပ်ရေး နေ့ ဗိုလ်ရှုခံ အခမ်းအနား ကို ကေအိုင်အို ကချင် လွတ်မြောက်ရေး အဖွဲ့ က တက်ရောက် မှာ မဟုတ်ဘူး လို့ ကေအိုင်အို ဘက် က ပြောဆို ပါတယ်။

မကြာခင် က ဖြစ်ပွားတဲ့ ကေအိုင်အေ ဗိုလ်သင်တန်း ကျောင်း ပစ်ခတ်မှု ကို အစိုးရ က တုံ့ပြန် ဖြေကြားမှု မရှိတဲ့ အပြင် ဖိတ်ကြားချိန် နီးကပ် နေလို့ မတက်ရောက် နိုင်တာ လို့ ကေအိုင်အို ဘက်က ပြောပါတယ်။

ဒီလို မတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့ တာကို အကြောင်းရင်းနဲ့တကွ ကေအိုင်အို ဗဟိုက အစိုးရဆီ စာပေးပို့ဖို့ ပြင်ဆင် နေကြောင်း လည်း သိရပါတယ်။

ဒီအခမ်းအနားမှာ သမ္မတနဲ့ တွေ့ဆုံပြီး တိုက်ရိုက် စကား ပြောဆို နိုင်တယ် ဆိုပေမယ့် ဒီပွဲမှာ ပြောတဲ့ စကား တွေဟာ တရားဝင် မဟုတ် ကြောင်း ကေအိုင်အို က ဦးဒေါင်ခါး က ပြောကြား ပါတယ်။

ပြီးတော့ ကေအိုင်အိုနဲ့ အစိုးကြားက ဆက်ဆံရေးနဲ့ သဘောထားတွေ ကို ဒီအခမ်းအနား တခုတည်းနဲ့ အကဲဖြတ်လို့ မရနိုင်ကြောင်းလဲ ပြောခဲ့ပါတယ်။

အစိုးရနဲ့ ပြုလုပ် နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကိုတော့ ယခင်အတိုင်း ဆက်လက် လုပ်ဆောင် သွားမှာ ဖြစ်ကြောင်း ဦးဒေါင်ခါးက ပြောခဲ့ပါတယ်။

ကေအိုင်အို လို ဗိုလ်ရှုခံ အခမ်းအနား ကို မတက်ရောက် မယ့် တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေ လည်း ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ