မြို့သာ လယ်မြေသိမ်းခံ တောင်သူတွေ ဆန္ဒပြ

  • 5 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption မြန်မာနိုင်ငံ တခြား ဒေသတွေမှာလည်း လယ် သမား အရေး ဖြေရှင်းဖို့ အများ အပြား ရှိနေ ပါတယ်

မန္တလေး တိုင်း မြို့သာ စက်မှုဇုန် အတွက် ရွာ ၁၅ ရွာက လယ်ယာ ဧက ၁ သောင်း လောက် သိမ်းဆည်း ခံရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ လယ် သမားတွေ ရာနဲ့ ချီပြီး ဒုတိယ အကြိမ် ထပ်မံ ဆန္ဒပြ ခဲ့ကြ ပါတယ်။

ဒီ သိမ်းဆည်းခံ ကိစ္စနဲ့ ပတ်သက်ပြီး အရင်တုန်းက အဖမ်းခံ ထားရ သူတွေကို ပြန်လွှတ် ပေးဖို့နဲ့ လယ်မြေ တွေနဲ့ ပတ်သက်ပြီး မျှမျှ တတ ဆောင်ရွက် ပေးဖို့ တောင်းဆိုခဲ့ ကြတယ်လို့ ဆန္ဒပြ သူတွေ ထဲက တောင်သူ ကိုသိန်းဌေးက ဘီဘီစီကို ပြောပါတယ်။

လယ်သမားတွေ ဘက်ကတော့ အာဏာပိုင် တွေ အနေနဲ့ လာရောက် ညှိနှိုင်း ဖို့ကို လိုလား တယ် လို့လည်း ကိုသိန်းဌေးက ပြောပါတယ်။ သီးနှံ လျော်ကြေး အတွက် ကတော့ တနှစ် ၅ သောင်းနှုန်း နဲ့ ၅ နှစ်စာ ရရှိထား ကြတာ ဖြစ်ပါတယ်။

လယ်သမား တွေက သီးနှံ လျော်ကြေး အနည်း ငယ်သာ ရရှိ ခဲ့ကြတဲ့ အတွက် ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာလ အတွင်း ကလည်း ပထမ အကြိမ် ဆန္ဒပြခဲ့ ကြပါ သေးတယ်။

အဲဒီ မတိုင်ခင် ဇူလိုင်လ အတွင်းမှာ တော့ မြို့သာ စက်မှုဇုန် တည်ဆောက်ရေး လုပ်ငန်း တွေကို လယ် သမားတွေ က တားဆီးခဲ့ ရာမှာ လယ်သမား ၁၀ ဦး အဖမ်းခံ ထား ရပြီး ၂၃ ဦး လည်း တရားစွဲ ခံထားရ ပါတယ်။ တခြား ၇ ဦး ကိုတော့ ဖမ်းဝရမ်း ထုတ်ထား တာဖြစ် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ