ကု​လ အထူး​ကိုယ်စားလှယ် မစ္စ ယန်​ဟီး​လီ မြန်မာ​ပြည်​ကို ဒုတိယ အကြိမ် လာ​ရောက်

  • 6 ဇန်နဝါရီ 2015
yangheelee_vist_myanmar
Image caption မစ္စ ယန်ဟီးလီး ရဲ့ အခု ခရီးစဉ် အတွင်းမှာ ရခိုင်နဲ့ ရှမ်း ပြည် မြောက်ပိုင်း က အခြေအနေ တွေ အပါအဝင် လူ့ အခွင့် အရေး ဆိုင်ရာ အချက်အလက် တွေကို ရယူ စုဆောင်းသွားမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ရဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စ ယန်ဟီးလီး ဟာ မြန်မာ နိုင်ငံရဲ့ လူ့ အခွင့်အရေးဆိုင်ရာ အခြေအနေ တွေကို လေ့လာဖို့ ဇန်နဝါရီ ၆ ရက်က ဆိုက်ရောက်လာပြီ ဖြစ်ပါတယ်။

မစ္စ ယန်ဟီးလီး ဟာ အခု ဒုတိယ အကြိမ်မြောက် မြန်မာ နိုင်ငံ ခရီး စဉ် အနေနဲ့ ဇန်နဝါရီ ၁၆ ရက်နေ့ အထိ နေထိုင်မှာ ဖြစ်ပြီး သူ လေ့လာ စုဆောင်းမယ့် အချက်အလက် တွေထဲမှာ ရခိုင်ပြည်နယ် နဲ့ ရှမ်း ပြည် မြောက်ပိုင်း တို့မှာ ဖြစ်ပေါ် နေတဲ့ လူ့ အခွင့် အရေး အခြေအနေ တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

မစ္စ ယန်ဟီးလီး ရဲ့ ပထမ ခရီးစဉ် တုန်းကလည်း ရခိုင်ပြည်နယ် မှာ ရှိတဲ့ ဒုက္ခသည် စခန်းတွေ ကို သွားရောက် ခဲ့ပြီး သူ မြင်တွေ့ဖူး သမျှ ဒုက္ခသည် စခန်းတွေ ထဲ အခြေအနေ အဆိုးဆုံး ထဲ ပါတယ် လို့ ပြောဆို ထားပါတယ်။

အခု တခေါက် မှာလည်းပဲ ဒုက္ခသည် စခန်းတွေ ရဲ့ အခြေအနေ တိုးတက် ကောင်းမွန် လာသလား ဆိုတဲ့ အချက်ကို ထည့်သွင်း ဆန်းစစ် သွားမယ်လို့ မျှော်လင့် ရပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း မှာလည်း ပြီးခဲ့တဲ့ ၂၀၁၄ အတွင်း ဒေသခံ တိုင်းရင်းသား လက်နက် ကိုင် တွေနဲ့ အစိုးရ တပ်တွေ အကြား ရင်ဆိုင် တိုက်ပွဲတွေ အကြိမ်ရေ တော်တော် များများ ဖြစ်ပေါ်ခဲ့တဲ့ အတွက် ဒေသခံ ပြည်သူ တွေ အပေါ် ဘယ်လို သက်ရောက် မှုတွေ ရှိနေလဲ ဆိုတာကို မစ္စ ယန်ဟီးလီး အနေနဲ့ လေ့လာ သွားဖွယ် ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ