တရုတ်​သံ​အမတ်​ကြီး​နဲ့ ၈​၈ မျိုး​ဆက်​တွေ တွေ့ဆုံ

  • 8 ဇန်နဝါရီ 2015
letpadaung_dawkhinwin ဓာတ်ပုံ မူပိုင် burmese
Image caption လက်ပံတောင်း အရေးကြောင့် မြန်မာနိုင်ငံ အတွင်းက တရုတ်ရဲ့ တခြား အကျိုးစီးပွား တွေပါ ထိခိုက်လာမယ့် အပေါ် စိုးရိမ်မှုတွေ ရှိနေ။

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ကြောင့် တရုတ်ပိုင် ဝမ်ပေါင် ကုမ္ပဏီ နဲ့ မြေသိမ်းခံ ဒေသခံ တောင်သူတွေ အကြား ဖြစ်ပွား နေတဲ့ ပဋိပက္ခ မှာ အင်အားသုံး ဖြေရှင်းမှု တွေ ကို ရှောင်ရှားပြီး ကြေလည်အောင် ညှိနှိုင်း ကြပါ လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်း လူ့ အဖွဲ့ အစည်း က မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီးနဲ့ တွေ့ဆုံ စဉ်မှာ ပြောခဲ့ ပါတယ်။

လက်ပံတောင်းတောင် အရေးနဲ့ ဆက်စပ်ပြီး မြန်မာ နိုင်ငံမှာ ရှိတဲ့ တရုတ်ရဲ့ တခြား အကျိုး စီးပွားတွေပါ ထိခိုက် လာနိုင်တဲ့ စိုးရိမ်မှုတွေ ရှိကြောင်း တရုတ် သံအမတ်ကြီးနဲ့ ၈၈ မျိုးဆက် တို့ အမြင်ခြင်း ဖလှယ် ခဲ့ကြတယ် လို့ သံအမတ် မစ္စတာ ယန်ဟိုလန် နဲ့ တွေ့ဆုံစဉ် ပါဝင်ခဲ့တဲ့ ၈၈ မျိုးဆက်က ကိုပြုံးချို က ပြောပါတယ်။

လက်ရှိ ဖြစ်ပေါ်နေတဲ့ အကြပ်အတည်း ကို ဖြေရှင်းဖို့ ဆိုရင် ယခင် ၂ နိုင်ငံကြား ချူပ်ဆို ထားခဲ့ တဲ့ စာချူပ် အပေါ် ပြန်လည် သုံးသပ် ပြုပြင် ကြဖို့နဲ့ ကြေးနီ စီမံကိန်း ကို အကောင်အထည် ဖော်ရာ မှာ ဒေသခံတွေ ရဲ့ လူမှုဘဝ လုံခြုံရေး ကို ထည့်သွင်း စဉ်းစား ကြဖို့လည်း ၈၈ မျိုးဆက် အနေနဲ့ အကြံ ပြုခဲ့တယ် ဆိုပြီး ကိုပြုံးချို က ပြောပါတယ်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ယန်ဟိုလန် နဲ့ တရုတ်သံရုံး နိုင်ငံရေး ဌာန က လက်ထောက် ဌာနမှုး မစ္စတာ ဟိုဝေကျန်း တို့ဟာ ဇန်နဝါရီ ၈ ရက် နေ့က ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) ရုံးခန်း ကို လာရောက်ပြီး မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို တို့နဲ့ ဆွေးနွေး ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ