လက်​ပ​တောင်း​တောင် ကြေးနီ​စီမံ​ကိန်း​ဟာ နိုင်​ငံတော် အတွက် အကျိုး​ရှိ​တယ် လို့ စစ်ကိုင်း သတ္တု​တွင်း ဝန်ကြီး ပြော

  • 10 ဇန်နဝါရီ 2015
letpadaung_ ဓာတ်ပုံ မူပိုင် AP
Image caption ကော်မရှင် အစီရင်ခံစာ နောက်ပိုင်း အကြံပြုချက် အရ ထပ်စောင်းငွေ တွေ ပေးခဲ့တာမှာ ထုတ်ယူသူ ၆၀ % နီးပါး ရှိတယ် ဆိုပြီး ဦးသန်းထိုက် က ပြောပါတယ်။

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဟာ နိုင်ငံတော် အနေနဲ့ အကျိုး အမြတ် ၅၁ % ရနေတဲ့ လုပ်ငန်း ဖြစ်တယ် လို့ စစ်ကိုင်းတိုင်း သတ္တုတွင်း ဝန်ကြီး ဦးသန်းထိုက် က ပြောပါတယ်။

မြေယာ လျော်ကြေး ထုတ်ပေးမှု ကလည်း ပထမ အကြိမ်မှာ သိမ်းဆည်း မြေ အားလုံး အတွက် ပေးခဲ့ပြီး၊ ကော်မရှင် အစီရင်ခံစာ နောက်ပိုင်း အကြံပြုချက် အရ ထပ်စောင်းငွေ တွေ ပေးခဲ့တာမှာ လည်း ထုတ်ယူသူ ၆၀ % နီးပါး ရှိတယ် ဆိုပြီး ဦးသန်းထိုက် က ပြောပါတယ်။

ဒေသခံတွေ နဲ့ အကြား နောက်ဆုံး ဖြစ်ပေါ်လာခဲ့တဲ့ တရုတ်ပိုင် ဝမ်ပေါင် ကုမ္ပဏီ ရဲ့ စိုက်ပျိုးမြေ တွေ အပေါ် သံဆူးကြိုး ခတ်လာ ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဦးသန်းထိုက် က ဘီဘီစီ ကို ပြောတာ ကတော့ သတ္တုတွင်း ဧရိယာ အတွင်း ကိုသာ ခတ်ခဲ့တာ ဖြစ်ပြီး တချို့ ရွာဟောင်း နေရာတွေတောင် ခတ်ဖို့ ကျန်နေသေးတယ် လို့ ဆိုပါတယ်။

ကြေးနီ စီမံကိန်း စုံစမ်းရေး ကော်မရှင်ရဲ့ အစီရင်ခံစာ အတိုင်း အကောင်အထည် ဖော်ရေး ကော်မတီ က အပြည့်အဝ လုပ်ဆောင်တာ မရှိဘူး ဆိုတဲ့ ဝေဖန် ပြောဆိုမှု တွေကို ကော်မတီက ငြင်းဆိုလိုက် တဲ့ နောက်ပိုင်း၊ အခု ကော်မတီ ဝင် တစ်ဦး ဖြစ်တဲ့ စစ်ကိုင်းတိုင်း သတ္တုတွင်း ဝန်ကြီး ဦးသန်းထိုက် ကလည်း ဒီ ကြေးနီ စီမံကိန်းဟာ တရုတ်ပိုင် ဝမ်ပေါင်နဲ့ မြန်မာ စစ်တပ်ပိုင် ဦးပိုင် ကုမ္ပဏီတို့ရဲ့ အကျိုးစီးပွား သာမက နိုင်ငံတော် ရဲ့ အကျိုးစီးပွား ဖြစ်တယ် လို့ ပြောလာတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ