နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ သမ္မတ ဦးသိန်းစိန် တွေ့ဆုံ ဆွေးနွေးမယ်

  • 9 ဇန်နဝါရီ 2015
Image caption လွတ်လပ်ရေး နေ့ကလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေနဲ့ သမ္မတ တွေ့ဆုံခဲ့

သမ္မတ ဦးသိန်းစိန်က ထိပ်သီး နိုင်ငံရေး ခေါင်ဆောင်းတွေ တိုင်းရင်းသား ခေါင်းဆောင်တွေ နဲ့ လာမယ့် တနင်္လာနေ့မှာ တွေ့ဆုံ ဆွေးနွေး မှုတွေ လုပ်ဖို့ ဖိတ်ကြား ထား ပါပြီ။

ဆွေးနွေး ပွဲမှာ ဒီမိုကရေစီ အသွင်ကူး ပြောင်းရေး ဆက်လက် ဖြစ်ထွန်းဖို့၊ အားလုံး ပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်ပေါ် လာရေး နဲ့၊ တရား မျှတတဲ့ ၂၀၁၅ ရွေးကောက် ပွဲ စတဲ့ အကြောင်း အရာ ၃ ခု ကို ဆွေးနွေးဖို့ ဖိတ်စာမှာ ဖေါ်ပြထား ကြောင်း ဖိတ်ကြား ခံရသူ တဦး ဖြစ်တဲ့ ရခိုင် အမျိုးသား ပါတီ ANP က ဗဟို အလုပ် အမှုဆောင် ဦးအေးသာအောင်က ဘီဘီစီ ကို ပြောပါတယ်။

ဒါပေမယ့်လည်း ဘယ်သူ တွေကို ဖိတ်ကြား ထားတယ် ဆိုတာ ကတော့ ဖိတ်စာမှာ ဖေါ်ပြ ထား ခြင်း မရှိတဲ့ အတွက် ဘယ်နှစ်ဦး တက်ရောက်ဖို့ ရှိတယ် ဆိုတာ ကိုတော့ အတိ အကျ မသိ ဘူးလို့ သူက ပြောပါတယ်။

နိုင်ငံရေး အကျပ် အတည်းတွေကို ဖြေရှင်းရေး ကြိုးပမ်းတဲ့ တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်ဖို့ လိုတယ်လို့ သူက ပြောပါတယ်။ အဲဒီလို မဟုတ်ဘဲ အရင် တခေါက် သမ္မတ နဲ့ တွေ့ဆုံတဲ့ ပုံစံမျိုး ဆိုရင်တော့ အဖြေ တခုခု ရဖို့ ခက်ခဲ လိမ့်မယ်လို့ ဆိုပါတယ်။

ဒီ ဆွေးနွေး ပွဲကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်မှာ ဖြစ်တယ်လို့ မျှော်လင့်ရ ပါတယ်။