တရုတ်ကို တရားဝင် ဆန် တင်ပို့ နိုင်ပြီ

  • 10 ဇန်နဝါရီ 2015
rangoon_port
Image caption တရားဝင် ဆန်ကုန်သွယ်ရာမှာ အခွန်အခ သက်သာဖို့နဲ့ ကိုယ့်ဘက် ကလည်း အရည်အသွေး ထိန်းပေးဖို့ ကိစ္စတွေကို တရုတ် အစိုးရနဲ့ သွားရောက် ဆွေးနွေး နေပါတယ်။

မြန်မာ နိုင်ငံက ဆန်တွေကို တရုတ်က တရားဝင် ဝယ်ယူဖို့ နှစ်ဘက် နားလည်မှု စာချွန်လွှာ ချူပ်ဆို နိုင်ခဲ့တာ မှာ လောလောဆယ် အထိ ဆန် တန်ချိန် ၂ သိန်းကို တရုတ် အစိုးရ အနေနဲ့ ဝယ်ယူမယ် ဆိုပြီး စာချူပ် ချူပ် ထားပါတယ်။

ဒါ့အပြင် တန်ချိန် ၁ သန်း အထိ ဝယ်ယူဖို့ ပုဂ္ဂလိက ကုန်သည်တွေကို လည်း တိုက်တွန်း သွားမယ် လို့ ဆိုပါတယ်။

အရင်ကတော့ တရုတ်ကို ဆန်တွေ တင်ပို့ရာ မှာ တရုတ် အာဏာပိုင် တွေရဲ့ အဖမ်းအဆီး ရှိတဲ့ အခိုက်တွေမှာ ဆို တရုတ်-မြန်မာ နယ်စပ် မှာ မြန်မာ ဆန်တွေ စီးဆင်းမှု ရပ်တန့်ပြီး စုပုံ နေခဲ့ရလေ့ ရှိပါတယ်။

အခုလို တရုတ်ကို တရားဝင် ဆန် တင်ပို့ လာနိုင်တဲ့ အတွက် အဖမ်းအဆီး ရှိမလား ဆိုတဲ့ အပေၚ မြန်မာ ကုန်သည် တွေ စိုးရိမ် ရတာ မရှိ နိုင်တော့ ဘူး လို့ တောင်သူ လယ်သမား အသင်း ဥက္ကဌ ဒေါက်တာ စိုးထွန်း က ပြောပါတယ်။

မြန်မာ ကိုယ်စားလှယ် အဖွဲ့ဟာ တရားဝင် ဆန် ကုန်သွယ် ရာမှာ အခွန်အခ သက်သာဖို့ နဲ့ ကိုယ့်ဘက် ကလည်း အရည်အသွေး ထိန်းပေးဖို့ ကိစ္စတွေ ကို တရုတ် အစိုးရနဲ့ သွားရောက် ဆွေးနွေး နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ