တောင်ကြီး အစ္စလာမ် ဘာသာဝင် တွေကို ထောင်ချ

  • 12 ဇန်နဝါရီ 2015
prisons ဓာတ်ပုံ မူပိုင် AFP
Image caption အရေးပေါ် အက်ဥပဒေ ပုဒ်မ တွေနဲ့ ထောင်ချ

အကြမ်းဖက် အဖွဲ့ တွေနဲ့ ဆက်စပ်တယ် ဆိုပြီး ရှမ်းပြည်နယ် ကွန်ဟိန်း မြို့နယ် မှာ ဩဂုတ်လ ဆန်းပိုင်းက ဖမ်းထားသူ ၂ဝ ကို တောင်ကြီး ခရိုင် တရားရုံး က အရေးပေါ် အက်ဥပဒေ ပုဒ်မ တွေနဲ့ ထောင်ဒဏ် ၇ နှစ် ကနေ ၁၉ နှစ်ထိ ချမှတ် လိုက် ပါတယ်။

ထောင်ချရ ခံသူ တွေဟာ မင်္ဂလာ ဆောင်မယ့် သတို့သမီး သတို့သား အပါအဝင် အားလုံး အစ္စလာမ် ဘာသာဝင် တွေ ဖြစ်ကြပါတယ်။

သတို့သမီး နဲ့ ဆွေမျိုး အမျိုးသမီး ၄ ယောက်နဲ့ ၁၅ နှစ် အရွယ် ယောက်ျားလေး တယောက်ပါ ထောင်ချ ခံရပါတယ်။

အမှုမှာ သက်သေ ပြနိုင်တဲ့ ဖောက်ခွဲရေး အကြမ်းဖက်နဲ့ ဆက်စပ်တဲ့ လက်နက် ဘာမှ မပြနိုင်ဘဲ စရဖ စစ်ကြောရေး စစ်ချက် တွေနဲ့ ထောင်ချ တာမို့ သက်သေခံ ဥပဒေ ကျင့်ထုံးနဲ့ မညီဘူးလို့ ထောင်ချခံရသူ တွေရဲ့ အမှုလိုက် ရှေ့နေ ဦးသိန်းဆွေက ပြောပါတယ်။

အမှု စီရင်ချက် တွေ အတွက် ရှမ်းပြည်နယ် တရား လွှတ်တော်မှာ အယူခံ တင်သွင်းသွားမယ် လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ