ကချင်ပြည် နယ်ဝန်ကြီး ကို KIA ဖမ်းပြီး ပြန်လွှတ်

  • 14 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် Getty
Image caption ကေအိုင်အေ နဲ့မြန်မာ အစိုးရတို့ ကြားမှာ တိုက်ခိုက် နေကြဆဲပါ

ကချင် ပြည်နယ် အစိုးရ လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးကမန်းဒူနော် ရဲ့ ယာဉ်တန်းဟာ ဖားကန့် မြို့နယ် အနီး ဟွေလုံ ဟွေခါ လမ်းပိုင်းမှာ ကေအိုင်အေ တပ်ဖွဲ့ တခုနဲ့ တိုးပြီး ဖမ်းဆီးမေးမြန်း ခံခဲ့ ရတယ်လို့ PCG ငြိမ်းချမ်း ရေး အကျိုးဆောင် အဖွဲ့ဝင် ဦးလမိုင်ခွန်ဂျာ က ဘီဘီစီကို ပြောပါတယ်။

ဦးကမန်း ဒူနော် က ကားလမ်းတွေကို စစ်ဆေးဖို့ အဲဒီနယ်ဖက်ကို သွားခဲ့တာ ဖြစ်ပြီး ဗုဒ္ဓဟူးနေ့ နေ့လည် တစ်နာရီ လောက်မှာ အဖမ်းခံရတာ လို့ဆိုပါတယ်။

သူ့ကို စစ်ဆေးပြီးတဲ့နောက် ပြန်လွှတ်ပေး လိုက်ပေမယ့် သူနဲ့ အတူ လိုက်ပါ သွားတဲ့ ရဲတပ်ဖွဲ့ဝင် သုံးဦးကိုတော့ ကေအိုင်အေက ဖမ်းခေါ်သွားခဲ့ တယ်လို့ ဦးခွန်ဂျာက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကချင်ပြည်နယ် အစိုးရ နယ်စပ်ရေးရာ လုံခြုံရေး ဝန်ကြီး က ဆက်သွယ်လာ တဲ့အတွက် ဖမ်းထားသူ တွေကို ပြန်လွှတ်ပေးဖို့ ကေအိုင်အို ဗဟိုဌာနကို အကြောင်း ကြားထားပြီး၊ ကေအိုင်အို ကလည်း ပြန်လွှတ် ပေးမယ်လို့ ပြောထားကြောင်း ဦးခွန်ဂျာက ဆိုပါတယ်။

အဖမ်းခံ ထားရတဲ့ ဒုရဲအုပ် မြင့်စိုးနဲ့ ရဲတပ်သား နှစ်ဦးကို ကြာသပတေးနေ့မှာ ပြန်လွှတ်ပေး လိမ့်မယ်လို့ မျှော်လင့်ကြောင်း နဲ့ သူတို့က ကြားခံအဖြစ် လွှဲပြောင်းပေးရမယ့် အနေအထား ရှိတယ်လို့ လည်း ဦးလမိုင်ခွန်ဂျာ က ပြောပါတယ်။