NLD မန္တလေး ပညာရေး ရံပုံငွေ ဖျော်ဖြေပွဲ

  • 15 ဇန်နဝါရီ 2015
304x171_bbc
Image caption Iron Cross ဖျော်ဖြေ တင်ဆက်ပွဲ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD မန္တလေး က ကြီးမှူး ကျင်းပတဲ့ အထက်မြန်မာပြည် NLD ရဲ့ အခမဲ့ ပညာရေး ကျောင်းတွေ အတွက် ရံပုံငွေ ရှာတဲ့ ပွဲ ကို နာမည်ကျော် ရော့ခ်ဂီတ အဖွဲ့ Iron Cross က ဖျော်ဖြေ တင်ဆက် ပါတယ်။

ဒီ အခန်းအနား ကို Mandalay Hill Resort ကွင်းပြင် မှာ ကျင်းပရာမှာ ကွင်းပြည့်၊ ထိုင်ခုံ မလပ်၊ အားပေးကြည့်ရှု ကြပါတယ်။ ဒီပွဲရဲ့ ရံပုံငွေ ကိုလည်း ကျပ်သိန်းပေါင်း ၆၀၀ မှ ၈၀၀ အထိ ခန့်မှန်းထားပြီး အထက်မြန်မာပြည် က ကျောင်းပေါင်း ၉၀ ကျော် ရဲ့ ပညာသင်စရိတ်၊ ကျောင်းဆရာ တွေ သင်တန်းစရိတ်၊ စစ်ဖြစ်ပွားနေတဲ့ နယ်မြေ က ကျောင်းသားတွေ ကို ထောက်ပံ့ ဖို့ ဖြစ်ကြောင်း အထက်မြန်မာပြည် ပညာရေး ရံပုံငွေ အဖွဲ့ရဲ့ ဘဏ္ဍာရေးမှူး ဦးမျိုးနိုင် က ဘီဘီစီ ကို ပြောပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ နာယက ဦးတင်ဦး ကတော့ ဒေါ်အောင်ဆန်းစုကြည် ရည်မှန်းတဲ့ မြန်မာ့ပညာရေး ထွန်းတောက် လာဖို့ ကြောက်စိတ် တွေ ကို ဖယ်ရှား ယင်း အားပေးကြပါ လို့ ဒီ အခန်းအနား မှာ ပြောကြားသွားပါတယ်။