၂​၀​၁​၅ ရွေး​ကောက်​ပွဲ​မှာ ပြည်​ခိုင်​ဖြိုး အနေ​နဲ့ အခက်​အခဲ ရှိ​နိုင်

  • 15 ဇန်နဝါရီ 2015
_usdp ဓာတ်ပုံ မူပိုင် usdp
Image caption ပြည်ခိုင်ဖြိုး ဟာ စည်းရုံးမှု အနေအထား မှာ လူထုနဲ့ နီးနီးစပ်စပ် ရှိနေတယ် လို့ ဦးအောင်သောင်း က ဆိုပါတယ်။

အာဏာရ ပြည်ခိုင်ဖြိုး ပါတီ ရဲ့ နှစ်ပတ်လည် ဗဟို ကော်မတီ အစည်းအဝေး ကို ဇန်နဝါရီ ၁၆ ရက်က စလို့ နေပြည်တော် မှာ ၃ ရက်ကြာ ကျင်းပ ပါလိမ့်မယ်။

ဒီ အစည်းအဝေး မှာ ၂၀၁၅ ရွေးကောက်ပွဲ အတွက် ပြင်ဆင်မှု အနေနဲ့ အောင်နိုင်ရေး လုပ်ငန်းစဉ် တွေ အကြောင်း ဆွေးနွေးမှာ ဖြစ်ပြီး လောလောဆယ် မှာ ခေါင်းဆောင်ပိုင်း အပြောင်း အလဲ မရှိပဲ သူရ ဦးရွှေမန်း ရဲ့ ဦးဆောင်မှု နဲ့ ဆက်လက် သွားနေမှာ ဖြစ်တယ် လို့ ပါတီ ရဲ့ ဗဟို အတိုင်ပင်ခံ ဦးအောင်သောင်း က ဘီဘီစီ ကို ပြောပါတယ်။

လက်ရှိ အခြေအနေမှာ ပြည်ခိုင်ဖြိုး ဟာ စည်းရုံးမှု အနေအထား အနေနဲ့ လူထုနဲ့ နီးနီးစပ်စပ် ရှိနေပြီး လူထုရဲ့ သဘောထား ကို သိမြင်ဖို့ ကြိုးစား နေကြောင်း လည်း ဦးအောင်သောင်း က ဆိုပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ မှာ NLD ပါတီလို လူထု အတွက် ရွေးချယ် စရာ ပါတီတွေ ပိုမို ရှိလာတဲ့ အတွက် ပြည်ခိုင်ဖြိုး အနေနဲ့ လွယ်ကူမှာ မဟုတ်ပဲ အခက်အခဲ တွေ အများကြီး ရင်ဆိုင် ရလိမ့်မယ် ဆိုပြီးတော့ ဦးအောင်သောင်း က သုံးသပ်ပါတယ်။

၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ တုန်းက NLD ပါတီရဲ့ အောင်မြင်မှု ကို ကြည့်ရင် လူထုရဲ့ အပြောင်းအလဲ အပေါ် လိုလားတဲ့ သဘောထား ကို ထည့်မတွက် ခဲ့တဲ့ ပြည်ခိုင်ဖြိုး ပါတီရဲ့ ချို့ယွင်း ချက် ဖြစ်ပြီး အခု ၂၀၁၅ မှာတော့ လုထု ရဲ့ ဆန္ဒ သဘောထား အပေါ် သိမြင် နားလည် ဖို့ လုပ်ဆောင် နေကြောင်း ဦး အောင်သောင်း က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ